ရေနံဓာတုကုမ္ပဏီ Sinopec သည် သီရိလင်္ကာလောင်စာဆီဈေးကွက်တွင် လက်လီရောင်းချသည့် လုပ်ငန်းများကို စတင်နိုင်ဖွယ်ရှိနေ

ရေနံဓာတုကုမ္ပဏီ Sinopec သည် သီရိလင်္ကာလောင်စာဆီဈေးကွက်တွင် လက်လီရောင်းချသည့် လုပ်ငန်းများကို စတင်နိုင်ဖွယ်ရှိနေ

သီရိလင်္ကာသည် တရုတ်ကြွေးမြီထောင်ချောက်အတွင်း ဆက်လက်တည်ရှိနေချိန်တွင် တရုတ်၏ အကြီးမားဆုံး ရေနံဓာတုကုမ္ပဏီ Sinopec သည် သီရိလင်္ကာလောင်စာဆီဈေးကွက်တွင် လက်လီရောင်းချသည့် လုပ်ငန်းများကို စတင်နိုင်ဖွယ်ရှိနေသည်။

Sinopec သည် ရေနံထွက်ပစ္စည်းများ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းအတွက် သီရိလင်္ကာဈေးကွက်သို့ ဝင်ရောက်ဖွယ်ရှိကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ဇွန်လတွင် သီရိလင်္ကာ အစိုးရအဖွဲ့ဝန်ကြီးများသည် ရေနံထုတ်လုပ်သောနိုင်ငံများမှ ကုမ္ပဏီများကို ရေနံတင် သွင်းရန်နှင့် သီရိလင်္ကာတွင် လက်လီလုပ်ငန်းများ စတင်ခွင့်ပြုမည့် အဆိုပြုချက်ကို ဇွန်လတွင် အတည်ပြုခဲ့ သည်။

အဆိုပြုချက်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ကန်ချာနာက တင်ပြခဲ့သည်။

သီရိလင်္ကာသမိုင်းတွင် အဆိုးရွားဆုံးသော စီးပွားရေးအကျပ်အတည်းက လောင်စာကဲ့သို့ မရှိမဖြစ်လိုအပ်သော ပစ္စည်းများပြတ်လပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ သီရိလင်္ကာရှိ စက်သုံးဆီဆိုင်များတွင် ကြာမြင့်စွာတန်းစီရခြင်း သည် ပုံမှန်အသစ်ဖြစ်လာပြီး ရရှိနိုင်မှုပေါ်မူတည်၍ ဈေးနှုန်းအတက်အကျရှိသည်။

ထုတ်လုပ်မှုအတွက် အခြေခံသွင်းအားစုများ မရရှိနိုင်ခြင်း၊ ၂၀၂၂ခုနှစ် မတ်လကတည်းက ငွေကြေးတန်ဖိုး ၈၀ ကျဆင်းခြင်း၊ နိုင်ငံခြား အရန်ငွေ နည်းပါးခြင်းတို့ကြောင့် စီးပွားရေးသည် သိသိသာသာ ကျုံ့သွားခဲ့ပြီး သီရိ လင်္ကာသည်နိုင်ငံ တကာကြွေးမြီတာဝန်များကို ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့သည်။ 

သီရိလင်္ကာ၏ လောင်စာဆီလက်လီရောင်းချမှု လုပ်ငန်းများတွင် တရုတ်အား ဝင်ရောက်ခွင့်ပြုရန် မကြာသေး မီက ဆုံးဖြတ်ချက်သည် ဆိုးရွားသောနိုင်ငံခြားငွေ ပြတ်လပ်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

လက်ရှိတွင် သီရိလင်္ကာ၏ လောင်စာဆီ ၉၀ ရာခိုင်နှုန်းသည် နိုင်ငံပိုင် Ceylon Petroleum Corporation မှဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းမှာ Lanka Indian Oil Corporation (IOC) မှ ထောက်ပံ့ပေးနေခြင်းဖြစ်သည်။

Sinopec သည် ဟမ်ဘန်တိုတာဆိပ်ကမ်းတွင် ရေနံသိုလှောင်ကန်တစ်ခုရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required