တရုတ်လေယာဉ်များ ထိုင်ဝမ် လေကြောင်း ကာကွယ်ရေး ဇုန်အတွင်းသို့ ဆက်လက်ဝင်ရောက်

တရုတ်လေယာဉ်များ ထိုင်ဝမ် လေကြောင်း ကာကွယ်ရေး ဇုန်အတွင်းသို့ ဆက်လက်ဝင်ရောက်

တရုတ်လေယာဉ် ၂၆ စင်းနှင့် သင်္ဘော ၆ စင်းကို ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ၎င်းတို့၏ ရေပိုင်နက်အနီးတွင် ဩဂုတ် ၁၂ ရက်က ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထိုင်ဝမ်ကျွန်းအနီး အကြီးစား စစ်ရေးလေ့ကျင့်မှုများကို ရပ်ဆိုင်ခဲ့ပြီး ၂ ရက်အကြာတွင် ယခုကဲ့သို့ တွေ့ရှိခြင်း ဖြစ်သည်။ 

“တရုတ်ရေတပ်ရဲ့ သင်္ဘော ၆ စင်းနဲ့ လေယာဉ် ၂၄ စင်းကို မိမိတို့ ကျွန်းအနီးဝန်းကျင်၌ ဩဂုတ် ၁၂ ရက် နေ့က  ထောက်လှမ်းတွေ့ရှိခဲ့သည်။ မိမိတို့ တပ်ဖွဲ့များက အခြေအနေကို စောင့်ကြည့်ခဲ့ပြီး လေယာဉ်များ၊ စစ်သင်္ဘောများနှင့် မြေပြင်အခြေစိုက် ဒုံးကျည်စနစ်များနှင့် တုံ့ပြန်ဆောင်ရွက်ခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာန၏ တွစ်တာတွင်ဖော်ပြထားသည်။ 

တရုတ်အစိုးရက ကန့်ကွက်မှုကို ဆန့်ကျင်ကာ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီက ထိုင်ဝမ်သို့ သွားရောက်လည်ပတ်ပြီးနောက် တရုတ်က စစ်ရေးလေ့ကျင့်မှု အကြီးစားကို စတင်လုပ်ဆောင်ခဲ့သလို ထိုင်ဝမ်ကို သိမ်းပိုက်မည်ဟု ခြိမ်းခြောက်ထားသည်။ ထိုင်ဝမ်အနီး တစ်ပတ်ကျော်ကြာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် တိုက်ပွဲဝင် သဏ္ဍာန်တူ စစ်ရေးလေ့ကျင့်မှုကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း တရုတ်အစိုးရက ဩဂုတ် ၁၀ ရက်တွင်ကြေညာလိုက်သည်။ ထိုင်ဝမ်အနီး မကြာသေးမီက စစ်ရေးလေ့ကျင့်မှုအတွင်း ရည်မှန်းချက်များ အောင်မြင်စွာ ပြီးစီးခဲ့ကြောင်းနှင့် တပ်ဖွဲ့များ၏ ပူးပေါင်း တိုက်ခိုက်ရေး စွမ်းရည်ကို ထိရောက်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း တရုတ်၏ အရှေ့ပိုင်းဒေသ စစ်ဌာနချုပ်က ကြေညာခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာ Global Times သတင်းဌာနက ဖော်ပြခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားတွင် အဆင်သင့် တိုက်ခိုက်ကင်းလှည့်မှုများကို ပုံမှန်လုပ်ဆောင်သွားမည်ဟု တရုတ်စစ်တပ်က ထုတ်ပြန်ထားသည်။ 

ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း တရုတ်စစ်တပ်က စစ်ရေး လေ့ကျင့်မှုများ ပြီးဆုံးကြောင်း ကြေညာခဲ့သော်လည်း သတိစောင့်ကြည်နေဆဲ ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ထားသည်။ 

ပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်သည် အမေရိကန်နှင့် ထိုင်ဝမ်တို့အကြား ဆက်ဆံရေးကို မြှင့်တင်သည့် သိသာစွာ ရဲတင်းသော လုပ်ရပ်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ၏ အချုပ်အခြာနှင့် နယ်မြေပိုင်နက်ကို ခြိမ်းခြောက်ခြင်း ဖြစ်ကြောင်း၊ တရုတ်အနေဖြင့် ဖြစ်လာနိုင်သမျှအခြေအနေအားလုံးကို ပြင်ဆင်ထားကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရအရာရှိ ဟွာချွန်ယင်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required