တရုတ်က ဂြိုဟ်တုအသစ် ၁၆ လုံး လွှတ်တင်

By ANI
15 August 2022
တရုတ်က ဂြိုဟ်တုအသစ် ၁၆ လုံး လွှတ်တင်

တရုတ်နိုင်ငံ ရှန်စီပြည်နယ်ရှိ ထိုင်းယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တုအသစ် ၁၆ လုံးကို လွှတ်တင် လိုက်သည်။

အဆိုပါ ဂြိုဟ်တုများ တွင် Jilin 1 Gaofen 03D09 ဂြိုဟ်တုနှင့် Yunyao 1 04-08 တို့ကို Long March 6 သယ် ဆောင်ရေး ဒုံးပျံဖြင့် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် လွှတ်တင်ခဲ့ပြီး ရည်မှန်းထားသော ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့ကြောင်း China Daily သတင်းတွင် ဖော်ပြထားသည်။

မီဒီယာသတင်းများအရ၊ ဂြိုဟ်တုအသစ်များ အစုလိုက်လွှတ်တင်ခြင်းက ကူးသန်းရောင်းဝယ်ရေး အဝေးထိန်း အာရုံခံခြင်းနှင့် လေထုပုံရိပ်ဖော်ခြင်းစသည့် နယ်ပယ်များတွင် အဓိကအားဖြင့် အသုံးပြုရန် ဖြစ်သည်။

တရုတ်က ဂြိုဟ်တု ၂ စင်းလွှတ်တင်ရန် Long March-2C သယ်ဆောင်သည့် ဒုံးပျံတစ်စင်းကို အာကာသ အတွင်းသို့ ဇူလိုင် ၁၆ ရက်က လွှတ်တင်ခဲ့ကြောင်း Global Times က ဖော်ပြခဲ့သည်။

Siwei 03 နှင့် 04 ပါဝင်သော ဂြိုဟ်တု ၂ လုံးကို မြောက်ပိုင်း ရှန်စီ ပြည်နယ်ရှိ တိုင်းယွမ်ဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

အာကာသစခန်း၏ ပထမဆုံး သီးသန့်ဓာတ်ခွဲခန်းဖြစ်သော Wentian ကို တရုတ်က လွှတ်တင်ခဲ့သည်။

အမေရိကန် အာကာသယာဉ်မှူး နီးလ် အမ်းစထရောင်း လပေါ် ဆင်းသက်ပြီး နှစ်ပေါင်းများစွာအကြာ ၁၉၇၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင်မှ တရုတ်က အာကာသ အစီအစဉ်ကို ထူထောင်ခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

တရုတ်သည် ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလတွင် လပေါ်သို့ စူးစမ်းလေ့လာရေးယာဉ်တစ်စင်းအောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီး ၂၀၂၁ခုနှစ် မေလတွင် အင်္ဂါဂြိုဟ်ပေါ်သို့ ယာဉ်တစ်စင်း အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly