ဖားကန့်မြို့တွင် KIA ၊ PDF ၊ NUG ထောက်ခံပွဲနှင့် စစ်ကောင်စီအမြစ်ပြတ်ချေမှုန်းရေး ချီတက်ဆန္ဒပြ

ဖားကန့်မြို့တွင် KIA ၊ PDF ၊ NUG ထောက်ခံပွဲနှင့် စစ်ကောင်စီအမြစ်ပြတ်ချေမှုန်းရေး ချီတက်ဆန္ဒပြ

ဩဂုတ် ၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ ဩဂုတ် ၁၅ ရက် နေ့တွင် KIA PDF NUG ထောက်ခံပွဲနှင့် အကြမ်းဖက် စစ်ကောင်စီအမြစ်ပြတ်ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြ ပြည်သူများက “KIA PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ လူသတ် အကြမ်းဖက် စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ အင်တာနက်ဖြတ်တဲ့မင်း အောင်လှိုင်အဖွဲ့ အသေဆိုးနဲ့သေပါစေ၊ စစ်ခွေးတွေကို ချေမှုန်းဖို့ KIA PDF ချီတက်လာပြီ၊ ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး၊ တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်စို့၊ ဖမ်းဆီးထားသော နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများ ချက်ချင်းလွှတ်၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကိုအောင်ရမည်” စသည့် ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ခဲ့ကြသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ စောဖေ

#ကချင်ပြည်နယ်

#ဖားကန့်မြို့နယ်

#ချီတက်ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly