အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တရုတ်နှင့် ပြိုင်ဆိုင်မှုကို မြှင့်တင်ရန် တစ်ပိုင်းလျှပ်ကူးပစ္စည်း ရင်းနှီးမြှပ်နှံမှု ဥပဒေကြမ်းကို လက်မှတ်ရေးထိုး

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တရုတ်နှင့် ပြိုင်ဆိုင်မှုကို မြှင့်တင်ရန် တစ်ပိုင်းလျှပ်ကူးပစ္စည်း ရင်းနှီးမြှပ်နှံမှု ဥပဒေကြမ်းကို လက်မှတ်ရေးထိုး
Photo: EPA

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်နှင့် ပြိုင်ဆိုင်မှုကိုမြှင့်တင်ရန် တစ်ပိုင်းလျှပ်ကူးပစ္စည်း ရင်းနှီးမြှပ်နှံမှု ဥပဒေကြမ်းကို ဩဂုတ်၉ ရက်က လက်မှတ်ရေးထိုးလိုက်သည်။

ချစ်ပ်ပြားများနှင့် သိပ္ပံအက်ဥပဒေကို အမေရိကန်တွင် မျိုးဆက်တစ်ခုတွင် တစ်ကြိမ်သာပြုလုပ်လိုက်သည့် ရင်းနှီးမြှုပ်နှံမှု ဟု ဘိုင်ဒင်က ခေါ်ဝေါ်ခဲ့သည်။

"ဒီနေ့ ကျွန်တော် ချစ်ပ်များနှင့် သိပ္ပံအက်ဥပဒေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါက အမေရိကန်ရဲ့ မျိုးဆက် တစ်ခုမှာ တစ်ကြိမ်သာပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုမျိုးဖြစ်ပြီး အမေရိကန်မှာ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ် ရေးကြိုးပမ်းမှုကို အားဖြည့်ပေးပါလိမ့်မယ်။ ဒီနေ့ ပိုမိုလုံခြုံစိတ်ချရတဲ့ စီးပွားရေး၊ အလုပ်တွေနဲ့ နိုင်ငံအတွက် ခိုင်မာတဲ့ အနာဂတ်ကို ကိုယ်စားပြုတယ်ဆိုတာ အမေရိကန်က သတင်းစကားပါးချင်ပါတယ်” ဟု ဘိုင်ဒင်က တွစ်တာတွင် ရေးသားခဲ့သည်။

တရုတ်ကို တန်ပြန်ရန်နှင့် အမေရိကန်၏ ပြိုင်ဆိုင်မှု အခွင့်သာစေရန်နှင့် နိုင်ငံတော် လုံခြုံရေးအတွက် အမေရိ ကန်အထက်လွှတ်တော်က ဇူလိုင်လက အမေရိကန်ဒေါ်လာ ၂၈၀ ဘီလီယံတန်ဖိုးရှိ စက်မှုလုပ်ငန်းမူဝါဒ ဥပဒေကြမ်းကို အတည်ပြုခဲ့သည်။

အစောပိုင်းကြေညာချက်တွင် ဘိုင်ဒင်က အမေရိကန်နိုင်ငံသားများသည် စီးပွားရေးအခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများအတွက် ချစ်ပ်ပြားများဥပဒေကြမ်းက အဖြေတစ်ခုဖြစ်ကြောင်း ဆိုခဲ့သည်။

ယင်းဥပဒေကြမ်းက အမေရိကန်တွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်ခြင်းကို အရှိန်မြှင့်တင်ပေးလိမ့်မည် ဖြစ်ပြီး ကားမှ အဝတ်လျှော်စက်အထိ အရာအားလုံးကို ဈေးသက်သာစေလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းဥပဒေသည် အလုပ်အကိုင်အခွင့်အလမ်းများနှင့် အမေရိကန်ထောက်ပံ့ရေးကွင်းဆက် ပိုမိုခိုင်မာတောင့်တင်း စေမည်ဖြစ်ကြောင်း ဆိုသည်။

ထိုဥပဒေကြမ်းသည် နိုင်ငံတစ်ဝန်းတွင် စက်ရုံများ တည်ဆောက်လုပ်ပြီး သိန်းနှင့် ချီသည့်အလုပ်အကိုင်များ ဖန်တီးပေးမည်ဟု မျှော်လင့်ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly