တရုတ်အာဏာပိုင်များက တိဗက် ၃၀၀ ခန့်ကို မြောက်ပိုင်းမှ တောင်ပိုင်းသို့ ပြောင်းရွှေ့နေရာချ

By Tibet Rights Collective
14 August 2022
တရုတ်အာဏာပိုင်များက တိဗက် ၃၀၀ ခန့်ကို မြောက်ပိုင်းမှ တောင်ပိုင်းသို့ ပြောင်းရွှေ့နေရာချ

တိဗက်မြောက်ပိုင်း နန်ချူစီရင်စု ဆိုညီကောင်တီ ဒိုအီမာမြို့မှ နောက်ထပ်တိဗက်လူမျိုး ၃၀၀ ကျော်သည် ၎င်းတို့မွေးရပ်မြေမှ ထွက်ခွာသွားကြောင်း Tibetan Review သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

၎င်းတို့အား တောင်ပိုင်း ၁ ၀၀၀ ကီလိုမီတာအကွာရှိ လိုခါမြို့တော် ဂေါင်ကာကောင်တီရှိ ဆင်ပိုရီမြို့သို့ ပြောင်းရွှေ့ပေးလိုက်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းစာ ဆင်ဟွာက ဩဂုတ် ၈ ရက်က ဖော်ပြခဲ့သည်။

တရုတ်အာဏာပိုင်များသည် ကမ္ဘာ့အမြင့်ဆုံးကောင်တီအဖြစ် သတ်မှတ်ဖော်ပြခံရသည့် ဆင်ပိုရီသို့ တိဗက် ၃၀၀ ထက်မနည်းကို ပြီးခဲ့သည်လက ပြောင်းရွှေ့နေရာချထားခဲ့သည်။

ထို့ပြင် ဒေသအစိုးရသည် ပထမဆုံးအသုတ်အဖြစ် ၂၀၁၉ ခုနှစ်က ဆိုညီကောင်တီမှ တိဗက်ဒေသခံ ၂၉၀၀ ကို ဆင်ပိုရီသို့ ရွှေ့ပြောင်းခဲ့သည်။

ဆိုညီကောင်တီသည် ပင်လယ်ရေမျက်နှာပြင်အထက် ၅ ၀၀၀ မီတာတွင်ရှိပြီး စတုရန်းကီလိုမီတာ ၁၂၀ ၀၀၀ ကျယ်ဝန်းကာ တရုတ်၏အကြီးဆုံးနှင့်အမြင့်ဆုံးဘေးမဲ့တောဖြစ်သော ချန်းတန်အမျိုးသားသဘာဝဥယျာဉ်၏ အစိတ်အပိုင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အလွန်မြင့်မားသောအရပ်ဖြစ်ပြီး ကြမ်းတမ်းသောပတ်ဝန်းကျင်ရှိသဖြင့် အဆိုပါကောင်တီသည် လူနေထိုင်ရန် မသင့်တော်ဟု ဆိုသည်။ လွင်ပြင်ဒေသ၏ ၄၀ ရာခိုင်နှုန်းခန့်တွင်သာ လေထုအတွင်း အောက်ဆီဂျင် ရှိသည်။ ဆောင်းရာသီမှာ တစ်နှစ်လျှင် ၁၀ လအထိကြာမြင့်ပြီး အနိမ့်ဆုံးအပူချိန်မှာ အနုတ် ၄၀ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly