ဗြိတိန်က ဝီဂါလူ့အခွင့်အရေးချိုးဖောက်မှုများကို စိုးရိမ်သဖြင့် တရုတ်ထုတ် စောင့်ကြည့်ရေးစနစ်များကို အစားထိုးလဲလှယ်

ဗြိတိန်က ဝီဂါလူ့အခွင့်အရေးချိုးဖောက်မှုများကို စိုးရိမ်သဖြင့် တရုတ်ထုတ် စောင့်ကြည့်ရေးစနစ်များကို အစားထိုးလဲလှယ်

ဗြိတိန်အစိုးရသည် ဝီဂါဆိုင်ရာလူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ကာကွယ်ရေးဌာနှင့်ရဲတပ်ဖွဲ့များရှိ အမျိုးသား လုံခြုံရေးကို ထိခိုက်စေသည့် တရုတ်ထုတ် ထောက်လှမ်းရေးစနစ်များတပ်ဆင်ထားမှုအပေါ်  စိုးရိမ်သဖြင့် အဓိက အစိုးရရုံးများတွင် တရုတ်ပိုင်နည်းပညာကုမ္ပဏီများမှ ပံ့ပိုးပေးသည့် လုံခြုံရေးစနစ်ပစ္စည်းများကို အစားထိုး လဲလှယ်ခဲ့ကြောင်း Asian Lite က ဖော်ပြသည်။

တရုတ်အစိုးရသည် လူနည်းစုများကို ညှင်းပန်းနှိပ်စက်နေပြီး ကမ္ဘာတစ်ဝန်းရှိ အစိုးရဌာနများနှင့် သုတေသန စင်တာများကို ကျူးကျော်ထိုးဖောက်လျက်ရှိကြောင်းနှင့် အိမ်နီးချင်းနိုင်ငံများ၏ နယ်မြေစိုးမိုးရေးကိုလည်း ချိုးဖောက်နေကြောင်း ဗြိတိန်ပါလီမန်အမတ်များက စွပ်စွဲထားသည်။

ပြည်ထဲရေး၊ ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုဌာန၊ အလုပ်နှင့်ပင်စင်ဌာနနှင့် တရားရေးဌာနတို့ကလည်း တရုတ်နိုင်ငံထုတ် လုံခြုံရေးပစ္စည်းများကို အစားထိုးလဲလှယ်လိုက်ကြသည်။
 တွက်ချက်မှုဆိုင်ရာပစ္စည်းနှင့်စောင့်ကြည့်ရေးကင်မရာဆိုင်ရာ ထိန်းသိမ်းခြင်းနှင့်အသုံးပြုခြင်းဆိုင်ရာ အရာရှိ ပါမောက္ခ ဖရေဆာဆမ်ဆင်က အခြားသောအစိုးရဌာနများအနေဖြင့်လည်း လက်ရှိ အသုံးပြုနေသော စနစ်များကို ပြန်လည်သုံးသပ်ပြီး စောင့်ကြည့်ရေးနှင့် လုံခြုံရေးပစ္စည်းများ ဝယ်ယူရာတွင် ၎င်းအကြံပြုချက်များကို ထည့်သွင်း စဉ်စားရန် ပြောခဲ့သည်။
 ပါမောက္ခ ဆမ်ဆင်က ဝယ်ယူရာတွင် ပေးသွင်းသူကုမ္ပဏီ၏ လူ့အခွင့်အရေးဆိုင်ရာမှတ်တမ်းများကိုလည်း ထည်သွင်းစဉ်းစားရန် အစိုးရအား တိုက်တွန်းထားသည်။

ရှင်ကျန်းဒေသတွင် တရုတ်အစိုးရ၏ ဖိနှိပ်မှုများတွင် Hikvision နှင့် Dahua ကုမ္ပဏီများ ပါဝင် ပတ်သက် နေမှုကြောင့် အခြားလူ့အခွင့်အရေးအဖွဲ့များက ဗြိတိန်တွင် အဆိုပါကုမ္ပဏီများကို တားမြစ်ရန် လှုပ်ရှားမှုပြုလုပ် နေကြသည်။

 Hikvision နှင့် Dahua ထုတ် ကင်မရာများကို ဝီဂါဒေသရှိ ထိန်းသိမ်းရေးစခန်းများတွင် အသုံးပြုကြသည်။ ကုမ္ပဏီ နှစ်ခုစလုံးသည် ဒေသတစ်လွှားတွင် သီးခြား ထောက်လှမ်းစောင့်ကြည့်ရေးစီမံကိန်း ၁၁ ခုအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ စာချုပ်များ ချုပ်ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required