တရုတ်၏ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီးနောက် ထိုင်ဝမ်က ကျူးကျော်မှု တန်ပြန်စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

တရုတ်၏ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီးနောက် ထိုင်ဝမ်က ကျူးကျော်မှု တန်ပြန်စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

တရုတ်က ထိုင်ဝမ်အနီးအနားတစ်ဝိုက်တွင် လတ်တလော စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေချိန်တွင် ထိုင်ဝမ်အား တရုတ်၏ ကျူးကျော်မှုကို ခုခံကာကွယ်သည့်ပုံစံအတိုင်း လက်တွေ့တိုက်ပွဲဝင်သည့်   စစ်ရေးလေ့ကျင့်မှုတစ်ခုကို ယခုသီတင်းပတ်အတွင်း ပြုလုပ်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

တရုတ်ပိုင်နက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်ခံရသောကြောင့် လိုအပ်ပါက တစ်နေ့နေ့တွင် သိမ်းပိုက် ခံရနိုင်သည့် ဒီမိုကရက်တစ်ထိုင်ဝမ်သည် တရုတ်၏ စဉ်ဆက်မပြတ် ကျူးကျော်ခြိမ်း ခြောက်မှုခံနေရသည်။

ထိုင်ဝမ်တပ်ဖွဲ့များသည် သြဂုတ် ၉ရက်နှင့် ၁၁ရက်တွင် တောင်ဘက်အကျဆုံး ပင်တန်ခရိုင်တွင် ကမ်းတက် တိုက်ဖျက်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ထိုင်ဝမ်စစ်တပ်က ထုတ်ပြန်ခဲ့သည်။

"ထိုင်ဝမ်ကို ရန်သူတွေရဲ့ တိုက်ခိုက်လာနိုင်မှုတွေကို တန်ပြန်တဲ့ လှုပ်ရှားမှုတွေကို ကျွန်တော်တို့ လေ့ကျင့်သွား မှာပါ" ဟု အမှတ် ၈ ကြည်းတပ်၏ ပြောရေးဆိုခွင့်ရှိသူ လျှိုဝေကျေးက AFP သို့ ပြောကြားခဲ့သည်။

လေ့ကျင့်မှုတွင် ရာနှင့်ချီသော တပ်ဖွဲ့ဝင်များနှင့် ဟောင်ဝစ်ဇာအမြှောက် အလက် ၄၀ ခန့် ဖြန့်ကျက်ထားခြင်းတို့ ပါဝင်သည်။

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ လာရောက်လည်ပတ်ပြီးနောက် ထိုင်ဝမ်ကို ဝိုင်းပတ်ပြီး စစ်ရေးလေ့ကျင့်မှုကို ရပ်တန့်ရန် တောင်းဆိုမှုများကို ဆန့်ကျင်ပြီး တရုတ်က သြဂုတ် ၈ရက် တွင် ပူးတွဲလေကြောင်းနှင့် ရေကြောင်း စစ်ရေးလေ့ကျင့်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

ထိုင်ဝမ်က စစ်ရေးလေ့ကျင့်မှုကို စီစဉ်ထားပြီးဖြစ်ပြီး တရုတ်၏ စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်သည့်အနေဖြင့် ပြုလုပ်ခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို သြဂုတ် ၇ရက်တွင် ပြီးဆုံးရန် မျှော်လင့်ထားသော်လည်း တရုတ်က ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သြဂုတ် ၈ရက်တွင် ထပ်မံပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required