လက်ရှိ အနေအထားကို ပြောင်းလဲရန် အမေရိကန်က ကြိုးပမ်းနေသည်ဟူသော တရုတ်၏ စွပ်စွဲချက်ကို ထိုင်ဝမ် တုံ့ပြန်

လက်ရှိ အနေအထားကို ပြောင်းလဲရန် အမေရိကန်က ကြိုးပမ်းနေသည်ဟူသော တရုတ်၏ စွပ်စွဲချက်ကို ထိုင်ဝမ် တုံ့ပြန်

ဒေသ၏ လက်ရှိ အနေအထားကို ပြောင်းလဲရန် အမေရိကန်က ကြိုးပမ်းနေသည်ဟူသော တရုတ်၏ စွပ်စွဲချက် နှင့် တရုတ်က ထိုင်ဝမ်ကို ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောကြားချက်ကို ပြစ်တင်ရှုတ်ချလိုက်ပြီး အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ထိုင်ဝမ်ခရီးစဉ်အပြီးတွင် တရုတ်၏ စစ်ရေး ဆောင်ရွက် မှုများသည် ဒေသတွင်း တင်းမာမှုများ၏ အဓိကအကြောင်းအရင်းဖြစ်ကြောင်း ထိုင်ဝမ်က ပြောကြားခဲ့သည်။

ထိုင်ဝမ်ကို တရုတ်က မည်သည့်အခါကမှ မအုပ်ချုပ်ခဲ့ကြောင်း သြဂုတ် ၆ရက် ထုတ်ပြန်ခဲ့သည့် သတင်း ထုတ်ပြန်ချက်တွင် ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဌာန (MOFA) က ထပ်လောင်း ပြောကြားလိုက်သည်။

ထိုင်ဝမ်သည် အခြားကမ္ဘာ့နိုင်ငံများနှင့် မိတ်ဆွေဖွဲ့ပိုင်ခွင့်ရှိပြီး ထိုင်ဝမ်နှင့် မိတ်ဆွေဖွဲ့သည့် အခြားနိုင်ငံများကို တရုတ်က ဝင်ရောက်စွက်ဖက်ခွင့် မရှိကြောင်း ထိုင်ဝမ်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
 
ထိုင်ဝမ်အနီးတွင် တရုတ်၏ ဒုံးကျည်ပစ်လွှတ်မှုများ၊ စစ်သင်္ဘောများနှင့် လေယာဉ်များ ဖြန့်ကျက်ချထား ခြင်းသည် ရန်စပြီး တာဝန်မဲ့လွန်းသော လုပ်ရပ်ဖြစ်ကြောင်း  MOFA မှ ပြောကြားခဲ့သည်။

တရုတ်အစိုးရသည် ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းရေးကို ထိခိုက်စေပြီး လက်ရှိအနေအထားတွင် အပြောင်းအလဲများ၏ အဓိကလက်သည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဂျီ-၇နှင့် ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများက လက်ရှိ အနေအထားကို အင်အားသုံး၍ တဖက်သတ် ပြောင်း လဲရန် တရုတ်က တဖက်သတ်ကြိုးပမ်းခြင်း မပြုလုပ်ရန် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း MOFA မှ ထောက်ပြခဲ့သည်။

အမေရိကန်၊ သြစတြေးလျနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးများသည် ထိုင်ဝမ်တစ်ဝိုက်တွင် တရုတ်က စစ်ရေးလေ့ ကျင့်မှုကို ချက်ချင်းရပ်တန့်ရန် တရုတ်အား တိုက်တွန်းခဲ့ပြီး ကမ္ဘောဒီးယားတွင် ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေးအတွင်း ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ ကတိကဝတ်များကို ယင်းတို့က အလေးထားကြောင်းလည်း ပြောကြားခဲ့သည်။

“နိုင်ငံတကာ အသိုက်အဝန်း၏ တာဝန်ရှိအဖွဲ့ဝင်နိုင်ငံတစ်ခုအနေဖြင့် ထိုင်ဝမ်သည် ပဋိပက္ခများကို အရှိန်မြှင့်ရန် သို့မဟုတ် ပဋိပက္ခဖြစ်ရန် လှုံ့ဆော်မည်မဟုတ်ကြောင်း” MOFA က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required