ပါကစ္စတန်တွင် အမျိုးသမီးများ ဘေးကင်းလုံခြုံမှု ကင်းမဲ့နေ

By Zee5
11 August 2022
ပါကစ္စတန်တွင် အမျိုးသမီးများ ဘေးကင်းလုံခြုံမှု ကင်းမဲ့နေ

ပါကစ္စတန်နိုင်ငံတွင် အမျိုးသမီးများအပေါ်  အကြမ်းဖက်မှု ဖြစ်စဉ်များ မြင့်တက်နေစဉ် ၎င်းတို့၏ ဘေးကင်းလုံခြုံရေးသည် မရေမရာအခြေအနေတစ်ခု ဖြစ်နေသည်။

နိုင်ငံ၏ အချက်အချာဒေသတစ်ခုရှိ အသားနားဆုံးသော လူချမ်းသာရပ်ကွက်တစ်ခုတွင် မကြာသေးခင်က အမျိုးသမီးငယ် တစ်ဦး ပြန်ပေးဆွဲခံရသည့် ထိတ်လန့်စရာကောင်းသော ဗီဒီယိုတစ်ခုက အဆိုပါ နိုင်ငံ၏ မိန်းကလေးများအပေါ် အကြမ်း ဖက်မှုဆိုင်ရာ ရှည်လျားသည့် သမိုင်းတွင် ထပ်မံပါဝင်သွားခဲ့သလို အစိုးရ၏ ပျက်ကွက်မှု၏ နောက်ထပ် ပြယုဒ်တစ်ခုလည်း ဖြစ်ကြောင်း Daily Times မီဒီယာက ဖော်ပြသည်။

အထက်ပါ အမှုကိစ္စကို ကားခိုးယူမှုနှင့် ဆက်နွယ်သည့် ဥပဒေပုဒ်မများအောက်တွင် အမှုဖွင့်လှစ်ခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး စီစီတီဗွီ ရုပ်သံမှတ်တမ်း ရှိသော်လည်း အဓမ္မခေါ်ဆောင်မှုနှင့် သက်ဆိုင်သည့် ပုဒ်မများကို ထည့်သွင်းဖွင့်လှစ်ခြင်း မရှိပေ။

ပြန်ပေးဆွဲခေါ်ဆောင်ခံရသည့် အဆိုပါ အမျိုးသမီးငယ် မထိမခိုက်ဘဲ လွတ်မြောက်ခဲ့ခြင်းအတွက် ဝမ်းမြောက် ကျေးဇူးတင်မှုများ သို့မဟုတ် အကွက်ချကြံစည်လုပ်ဆောင်ခြင်းများရှိနေခြင်းဆိုသည်တို့ထက် ပို၍ သိသာထင်ရှားသည့်အချက်က မည်သည့် အာဏာပိုင်အဖွဲ့ကမှ ယင်းကဲ့သို့ဖြစ်စဉ်များ ထပ်မဖြစ်စေရေး တိုက်ဖျက်မည့် အစီအမံများကို မထုတ်ဖော်သည့်အပြင် ယခု ပေါက်ကွဲလုနီးပါး အခြေအနေအပေါ် လုံလုံလောက်လောက် အရေးစိုက် တုံ့ပြန်မှု မရှိခြင်းဖြစ်သည်။

 ပါကစ္စတန်တွင် အမျိုးသမီးများအတွက် တိုက်ပွဲဝင်ရမည်ဆိုသည့်အပေါ် ယုံကြည်ခြင်း ရှိမနေသလို ၎င်းတို့၏ လုံခြုံရေးနှင့် ကြီးပွားချမ်းသာရေးတို့ကလည်း အရေးကြီးသည်ဟု ရှုမြင်ခြင်း မခံရတော့သည့် ကိစ္စများ ဖြစ်နေကြောင်း Daily Times မီဒီယာက ဖော်ပြသည်။

ပါကစ္စတန်နိုင်ငံတစ်ဝန်း ပြီးခဲ့သည့် ဇွန်လက အမျိုးသမီး ၁၅၇ ဦး ပြန်ပေးဆွဲခံရပြီး အမျိုးသမီး ၁၁၂ ဦး ကိုယ်ထိလက်ရောက် စော်ကားတိုက်ခိုက်ခံခဲ့ရကာ အမျိုးသမီး ၉၁ ဦး အဓမ္မကျင့်ခံခဲ့ရသည်ဟု သတင်းတစ်ရပ်က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly