အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မဟာ (၇) တည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနားကျင်းပ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မဟာ (၇) တည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနားကျင်းပ

ဩဂုတ် ၁၂

မဇ္ဈိမ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဒေသ(၁)၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မဟာ(၇) တည်ထောင်ခြင်း တစ်နှစ်ပြည့်ဂုဏ်ပြုအခမ်း အနားကို သြဂုတ်လ ၅ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

“ စစ်ကောင်စီတပ်ရဲ့ ပိုက်စိပ်တိုက်ထိုးနေတဲ့ စစ်ကြောင်းတွေအကြား တစ်နှစ်အတွင်း တပ်ရင်း ၁၅ ရင်း ပါဝင်တဲ့ တပ်မဟာတစ်ခုအဖြစ်ထူထောင်ခဲ့ကြရတာ မလွယ်ကူပါဘူး။ ကျွန်တော်တို့ချစ်တဲ့ ပြည်သူတွေ ကြောင့်သာ ကျွန်တော်တို့ ရပ်တည်နိုင်တာပါ။ ကျွန်တော်တို့ အသက်နဲ့ရင်းပြီး ပြည်သူနဲ့တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ပါ့မယ် လို့ကတိပြုပါတယ်” ဟု တပ်မဟာ(၇)မှ ရဲဘော်များက ဆိုသည်။

အဆိုပါ တစ်နှစ်ပြည့်အခမ်းအနားတွင် တပ်မဟာ(၇)မှ တပ်ရင်း (၇၀၁), (၇၀၂), (၇၀၄), (၇၀၅) စသည့် တပ်ရင်းလေးရင်းမှ ရဲဘော်အချို့ကစစ်ရေးပြခဲ့ကြပြီး တပ်ရင်း(၇၀၆)မှ မှတ်တမ်းတင်ရိုက်ကူးကာ တပ်မဟာ (၇)မှ တာဝန်ရှိသူများ၊ တပ်ရင်းမှူးများ၊ ABSDF(ယောဒေသ)၊ YDF တပ်ရင်း (၄)၊ YPDF၊ ပကဖ ခရိုင်တပ်ရင်း (၁) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တပ်မဟာ(၇)လက်အောက်တွင် စနစ်တကျဖွဲ့စည်းထားသော တပ်ရင်း(၁၅)ရင်းရှိပြီး မြေပြင်စစ်ကြောင်း အခြေအနေနှင့် လုံခြုံရေးအခြေအနေအရ တစ်နှစ်ပြည့်အခမ်းအနားကို တပ်ရင်း(၄)သာ စုစည်းကျင်းပ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ် ။ ။ စောဖေ

#ပြည်သူ့ကာကွယ်ရေးတပ်မတော်

#အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်

#တပ်မဟာ(၇)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly