ဩဂုတ် ၁၂
(၇၂)နှစ်မြောက် ကရင့်အာဇာနည်နေ့အား ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေတွင် ကျင်းပခဲ့သည်။ယနေ့ ဩဂုတ်လ ၁၂ ရက် နံနက် ၆ နာရီအချိန်တွင် အာဇာနည်ကျောက်တိုင်ရှိရာကွင်းပြင်၌ စစ်ရေးပြ အခမ်းအနားနှင့်တကွ ကျင်းပပြုလုပ်ခြင်းဖြစ်ကာ နယ်မြေရှိဒေသခံများမှ လွမ်းသူပန်းခွေချသည့် အခမ်း အနားလည်း ပါဝင်ခဲ့သည်။
ထို့အပြင် KNU ဗဟို ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် စစ်ဦးစီးချုပ် စောဂျော်နီ၊ KNU ဒုဉက္ကဋ္ဌ ဖဒိုစော ကွယ်ထူးဝင်းနှင့် တပ်မဟာမှူး ဗိုလ်မှူးကြီးစောဖော်ဒိုတို့မှ တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့သည်။
ကရင့်အာဇာနည်နေ့သည်ကရင်အမျိုးသားလွတ်လပ်ရေးအတွက်ကြိုးပမ်းခဲ့ကြသော ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီးနှင့်တကွ ဂုဏ်ရောင်ပြောင်မြောက်စွာ အသက်ပေးလှူခဲ့သူများအားလုံးကို ရည်ညွှန်းချီးကျူးဂုဏ်ပြုသောနေ့လည်း ဖြစ်သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ် ။ ။ စောဖေ
ဓာတ်ပုံ - သူရ/မဇ္ဈိမ
#တပ်မဟာ(၇)