ပါကစ္စတန် ဘာလိုချီစတန်တွင်ဖြစ်ပွားသည့် ဥပဒေမဲ့ သတ်ဖြတ်မှုများကို   လန်ဒန်ရောက် တက်ကြွလှုပ်ရှားသူများက ကန့်ကွက်ဆန္ဒပြ  

ပါကစ္စတန် ဘာလိုချီစတန်တွင်ဖြစ်ပွားသည့် ဥပဒေမဲ့ သတ်ဖြတ်မှုများကို   လန်ဒန်ရောက် တက်ကြွလှုပ်ရှားသူများက ကန့်ကွက်ဆန္ဒပြ  

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဇီရာရတ်ခရိုင်ရှိ   ဥပဒေမဲ့ သတ်ဖြတ်မှုဖြစ်စဉ်များကို ဆန့်ကျင်သော ဘာလို့ချ် မျိုးနွယ်စုဝင် တက်ကြွလှုပ်ရှားသူအချို့က   ဩဂုတ် ၁ ရက်တွင် လန်ဒန်ရှိ ပါကစ္စတန်သံရုံးအပြင်ဘက်၌ ဆန္ဒထုတ်ဖော်ပွဲတစ်ခုကို လုပ်ဆောင်ခဲ့ကြသည်။

သံရုံးရှေ့၌ ဆန္ဒပြခဲ့ကြသည့် ဆန္ဒပြသူတစ်ချို့သည် “ဘာလိုချီစတန်မှာ လူ့အခွင့်အရေးတွေကို မူလအတိုင်း ပြန်ပေးပါ” ၊ “ဘာလိုချီစတန်ကို သိမ်းပိုက်အုပ်ချုပ်မှု အဆုံးသတ်ပါ” နှင့် “ဘာလိုချီစတန်မှာ ဘာလို့ချ်မျိုးနွယ်စု ဝင်တွေကို လူမျိုးတုန်းသတ်မှုကို ရပ်တန့်ပါ” ဆိုပြီး ရေးသားထားသည့် လက်ကိုင်ပိုစတာများကို ကိုင်မြှောက် ဆန္ဒပြခဲ့ကြသည်။
 
ထို့ပြင် အဆိုပါ ဆန္ဒပြသူများသည် “ဘာလိုချီစတန်၏  လွတ်လပ်ခွင့်” ကို တောင်းဆိုသည့် ဆောင်ပုဒ်များကို ထုတ်ဖော်ခဲ့ကြသလို ပါကစ္စတန်စစ်တပ်သည် ဘာလို့ချ်မျိုးနွယ်စုဝင် အရပ်သားပြည်သူတို့၏ သေမင်းတမန် ဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲကို ဘာလို့ချ် အမျိုးသားရေး လှုပ်ရှားမှုအဖွဲ့က စီစဉ်ခဲ့ခြင်း ဖြစ်ပြီး ဘာလိုချီစတန်အပေါ် သိမ်းပိုက်အုပ်ချုပ်နေမှုကို အဆုံးသတ်ရေး ပါကစ္စတန် အာဏာပိုင်တို့ကို အဆိုပါအဖွဲ့က တောင်းဆိုခဲ့သည်။

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်တွင် လူများ ပျောက်ဆုံးနေမှုများနှင့်   ဥပဒေမဲ့ သတ်ဖြတ်မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး မီဒီယာများ၏ ရေးသားဖော်ပြမှုများ ရှိနေချိန် ပျောက်ဆုံးနေသူများကို သတ်ဖြတ်မှုဖြစ်စဉ်များအပေါ် ဆန့်ကျင်ဆန္ဒပြမှုများက ပြည်တွင်း၊ ပြင်ပတွင် အရှိန်မြင့်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly