အယ်လ်ကိုင်ဒါခေါင်းဆောင်ကို တွေ့ရှိသုတ်သင်ခံရမှုဖြစ်စဉ်က တာလီဘန်တို့သည် ယုံကြည်စိတ်ချ၍ မရနိုင်ဆိုသည်ကို ပြသနေ

By ANI
10 August 2022
အယ်လ်ကိုင်ဒါခေါင်းဆောင်ကို တွေ့ရှိသုတ်သင်ခံရမှုဖြစ်စဉ်က တာလီဘန်တို့သည် ယုံကြည်စိတ်ချ၍ မရနိုင်ဆိုသည်ကို ပြသနေ

အာဖဂန်နစ္စတန်၏ အစိုးရအဖြစ် နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှု ရရှိရေး တောင်းဆိုထားခဲ့သည့် တာလီဘန်အဖွဲ့သည် ယခုအခါ အယ်လ်ကိုင်ဒါခေါင်းဆောင် အေမန် အယ်လ် ဇာဝါဟီရီ ကဘူးလ်မြို့၌ အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီးနောက်ပိုင်း တစ်ဖန် အများ၏ အာရုံစိုက်ခြင်းကို ခံရပြန်ပြီ ဖြစ်သည်။

ကမ္ဘာ့ အလိုအရှိဆုံးသော အကြမ်းဖက်သမားများအနက် တစ်ဦး ဖြစ်သလို ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုများ၏ ကြိုးကိုင်သူတစ်ဦးလည်း ဖြစ်ခဲ့သည့် အေမန် အယ်လ်- ဇာဝါဟီရီသည် ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်က အာဖဂန်မြို့တော် ကဘူးလ်၌ အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးသွားခဲ့သည်။

အကြမ်းဖက်မှုကို တိုက်ဖျက်ရာတွင် တာလီဘန်တို့ကို မဟာမိတ်အဖြစ် အသုံးချသည့် အမေရိကန်၏ မဟာဗျူဟာက အလွန်စိတ်ပျက်စရာကောင်းလောက်အောင် မအောင်မမြင်ဖြစ်ခဲ့ကြောင်းနှင့် အကြောင်းမှာ

အာဖဂန်တွင် အာဏာရနေသည့် တာလီဘန်တို့သည် အယ်လ်ကိုင်ဒါ အကြီးအကဲ အေမန် အယ်လ်-ဇာဝါဟီရီကို လက်ခံ ခိုလှုံခွင့်ပေးခဲ့ခြင်းအားဖြင့် ၎င်းတို့သည် ယုံကြည်ထိုက်သူများ မဟုတ်ကြောင်းကို ပြသနေခဲ့၍ ဖြစ်ကြောင်း သတင်းများက ရေးသားဖော်ပြသည်။

တာလီဘန်တို့သည် ၎င်းတို့ လိုချင်သည်ကို ရနိုင်ရန် အမေရိကန်အာဏာပိုင်များကို ကစားခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သလို အာဖဂန်နစ္စတန်၏ ထိန်းချုပ်ခံထားရသည့် ဒေါ်လာဘီလီယံများစွာအတွက် ဇာဝါဟီရီနှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို တစ်ယောက်ယောက်က ပေးခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

အမေရိကန်အနေဖြင့် တာလီဘန်တို့ကို ပါတနာအဖြစ် ဆက်လက်ဆက်ဆံနေမည်ဆိုပါက ဇာဝါဟီရီ သေဆုံးခဲ့သည့်တိုင် ပိုမိုကြီးမားသော အကြမ်းဖက်မှုတို့က ဖြစ်ပျက်ကောင်း ဖြစ်ပျက်နိုင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly