နွားထိုးကြီးမြို့ ဆောက်လုပ်ရေးရုံးတွင် ခြင်းခတ်နေသည့်  စစ်ကောင်စီတပ်သားများ လက်နက်ကြီးပစ်ခံရပြီး ၄ဦးသေဆုံး 

By ကိုခင်မောင်
09 August 2022
နွားထိုးကြီးမြို့ ဆောက်လုပ်ရေးရုံးတွင် ခြင်းခတ်နေသည့်  စစ်ကောင်စီတပ်သားများ လက်နက်ကြီးပစ်ခံရပြီး ၄ဦးသေဆုံး 

ဩဂုတ် ၉

နယူးဒေလီ( မဇ္ဈိမ)။  ။မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့ရှိ ဆောက်လုပ်ရေးရုံးတွင် ပိုက်ကျော်ခြင်းခတ်နေသည့် စစ်ကောင်စီ တပ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ တပ်သား လေးဦးသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း နွားထိုးကြီး PDF ထံမှ သိရသည်။

“တပ်မ (၉၉) ကကောင်တွေပါ၊ ပိုက်ကျော်ခြင်းခတ်နေတဲ့ စခ(စစ်ကောင်စီတပ်သား) ၁၂ကောင်ကို လက်နက်ကြီးနဲ့ဝင်ရောက်ပစ်ခတ်ခဲ့တာ စခဗိုလ်တစ်ကောင်အပါအဝင် လေးဦးပွဲချင်းပြီးသေ၊ သုံးပွင့်နဲ့တစ်ကောင်က အခု မိတ္ထီလာမှာ အခြေအနေမကောင်းဘူးတဲ့ အကို။” ဟု NPDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သြဂုတ်လ ၇ရက်နေ့ ညနေ ၅နာရီအချိန်ခန့်တွင် ပိုက်ကျော်ခြင်းခတ်နေသည့် စစ်ကောင်စီတပ်သား ၁၂ဦးကို လက်နက်ကြီးဖြင့် ကိုက် ၅၀ အကွာလောက်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် တစ်ဦးအပါအဝင် လေးဦးနေရာတွင်ပင် သေဆုံးပြီး အခြား ငါးဦးမှာလည်း ဒဏ်ရာရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများသည်  အဆိုပါလက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြို့ပတ်ပတ်လည်တွင် ကင်းအပြည့်ချထားကြောင်း သိရသည်။

 နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီတပ်သားများ၊ များများသေမှ မြန်မြန်ပြီးမည်ဖြစ်သည့်အတွက် မြန်မြန်ပြီးစေချင်လျှင် များများလှူရန် ပြည်သူများကို  နွားထိုးကြီး PDF က တိုက်တွန်းထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကောင်စီ
# နွားထိုးကြီးမြို့
#NPDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly