မောင်းပြန်သေနတ်များ ဝယ်ယူနိုင်ရေး Tiger One ပြည်သူ့ကာကွယ်ရေးအဖွဲ့ အကူအညီတောင်း

By မင်းထက်
09 August 2022
မောင်းပြန်သေနတ်များ ဝယ်ယူနိုင်ရေး Tiger One ပြည်သူ့ကာကွယ်ရေးအဖွဲ့ အကူအညီတောင်း

မဲဆောက်(မဇ္စျိမ)။  ။ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ပဲခူးရိုးမ အနောက်ဘက်တွင် တိုက်ပွဲဝင်နေသည့် Tiger One ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ၎င်းတို့စခန်းအတွက် မောင်းပြန်သေနတ် ဝယ်ယူနိုင်ရေး ကူညီထောက်ပံ့ပေးကြရန် ရုပ်သံဖိုင်တစ်ခုဖြင့် ပြည်သူလူထုထံ အကူအညီတောင်းခံလိုက်သည်။

စစ်ကောင်စီတပ်များ စစ်ကြောင်းများထိုးလာလျှင် ၎င်းတို့စခန်းတွင်ရှိသည့် တစ်ထောင့်ထိုး သေနတ်များဖြင့် ပြန်လည်ခုခံရန် မလွယ်ကူသဖြင့် အကူအညီတောင်းခံရခြင်းဖြစ်ကြောင်း Tiger One ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ စောမူခ ကပြော သည်။

"ကျွန်တော်တို့စခန်းအတွက် မောင်းပြန် သေနတ်တွေပြည့်ပြည့်စုံစုံ မဝယ်နိုင်သေးတော့ လက်လုပ်သေနတ်တွေ ထုတ်လုပ်နေရပါတယ်။စခန်းမှာရှိတဲ့ လူငယ်တွေကို အကုန်လုံးကို လက်နက်တပ်ဆင်ပေးချင်လို့နဲ့ မောင်းပြန်သေနတ်တွေဝယ်ချင်လို့  ပြည်သူတွေဆီက အကူအညီတောင်းခံတာပါ"ဟု ၎င်းကဆိုသည်။

Tiger One ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို လှူဒန်းမည်ဆိုပါက ၎င်းတို့အဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဆက်သွယ်လှူဒန်းနိုင်ကြောင်း စောမူခက ဆိုသည်။

Tiger One ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် မြေအောက်တော်လှန်ရေး တပ်ဖွဲ့ဝင်များ၊ လွတ်မြောက်နယ်မြေများတွင် စစ်သင် တန်းတက်ရောက်ထားသည့် လူငယ်များနှင့် စုပေါင်းကာ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း စောမူခ၏ပြောပြချက်အရ သိရသည်။

စာတည်း ။    ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။ အောင်ကျော်ဖြိုး

#Mizzima
#ပဲခူးတိုင်း
#Tiger One ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#မြေအောက်တော်လှန်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly