ကလေးမြို့၌ ၈၈၈၈ အရေးတော်ပုံ  (၃၄) နှစ်ပြည့်တွင် စစ်မိစ္ဆာများကို သံပုံးတီးမောင်းထုတ်သော သပိတ်စစ်ကြောင်းပြုလုပ်

09 August 2022
ကလေးမြို့၌ ၈၈၈၈ အရေးတော်ပုံ  (၃၄) နှစ်ပြည့်တွင် စစ်မိစ္ဆာများကို သံပုံးတီးမောင်းထုတ်သော သပိတ်စစ်ကြောင်းပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျေးရွာတခု၌ ရှစ်လေးလုံးနှစ်ပတ်လည်အထိမ်းအမှတ် အနေဖြင့် ယနေ့ ဩဂုတ်လ ၈ ရက်၊ ည ၈ နာရီတိတိတွင် စစ်မိစ္ဆာများကို သံပုံးတီးကာ မောင်းထုတ်ခဲ့ ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိစစ်အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေသည့် မြေပြင်သပိတ် အင်အားစု အချို့နှင့် တော်လှန်ရေးအဖွဲ့များပူးပေါင်းကာ ယခုကဲ့သို့ စစ်အာဏာရှင်ကို သံပုံးတီး မောင်းထုတ်ရန် သပိတ်အဖွဲ့ များက တနိုင်ငံလုံး တိုက်တွန်းထားသည်။
စာတည်း ။ ။ စောဖေ
စာမူတည်းဖြတ် ။ ။ စောဖေ

#စစ်ကိုင်းတိုင်း
#ကလေးမြို့
#ရှစ်လေးလုံးနှစ်ပတ်လည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly