တရုတ်နိုင်ငံတွင် သံအမတ်ကြီးများ ကွယ်လွန်ခြင်း ၄ းယောက်မြောက်အဖြစ် မြန်မာသံအမတ်ကြီး ကွယ်လွန် 

တရုတ်နိုင်ငံတွင် သံအမတ်ကြီးများ ကွယ်လွန်ခြင်း ၄ းယောက်မြောက်အဖြစ် မြန်မာသံအမတ်ကြီး ကွယ်လွန် 

ဩဂုတ်လ ၈ ရက်

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးသည် တနင်္ဂနွေနေ့က ကွယ်လွန်ကြောင်း သံတမန်သတင်းရင်းမြစ်များအရ သိရရာ ယင်းသည် တရုတ်နိုင်ငံ၌ ပြည်ပသအမတ်ကြီးများ ကွယ်လွန်ခြင်းတွင် လေးယောက်မြောက် ဖြစ်သည်။ 

သံအမတ်ကြီး ဦးမျိုးသန့်ဖေကို စနေနေ့က မြန်မာနှင့်နယ်စပ် တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ဌာနေတာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံရာ၌ နောက်ဆုံး မြင်တွေ့ခဲ့ရခြင်းဖြစ်ကြောင်း ဌာနေသတင်းအရ သိရသည်။ 

ယူနန်ပြည်နယ်တွင် ခရီးထွက်နေစဉ် တနင်္ဂနွေနေ့ ၎င်း ကွယ်လွန်ခြင်းဖြစ်ကြောင်းကို သံတမန်သုံးဦးက ရိုက်တာသို့ ပြောသည်။ သံတမန်များနှင့် မြန်မာမီဒီယာ သတင်းတစ်ရပ်အရ ၎င်းသည် နှလုံးဖောက်၍ ကွယ်လွန်ခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။ 

တုံ့ပြန်ချက်ပေးရန် မေးမြန်းသည်ကို မြန်မာသံရုံးက ချက်ချင်း အကြောင်းမပြန်သေးပေ။ 

ဦးမျိုးသန့်ဖေသည် ၂၀၁၉ နှောင်းပိုင်း၌ တရုတ်ဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရခြင်းဖြစ်ကာ ၂၀၂၁ ဖေဖော်ဝါရီလ၌ စစ်တပ်အာဏာသိမ်းပြီးနောက် ၎င်းရာထူးတွင်ပင် ဆက်လက်တာဝန်ထမ်းဆောင်ခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံတွင် ထိပ်တန်းနိုင်ငံခြားသံတမန် သုံးဦး သေဆုံးထားသည်။ 

စက်တင်ဘာလအတွင်းက အသက် ၅၄ နှစ်အရွယ် ဂျာမနီ သံအမတ်ကြီး Jan Hecker သည် ရာထူးတာဝန်ရယူပြီး သီတင်းနှစ်ပတ် မပြည့်မီမှာပင် ကွယ်လွန်ခဲ့သည်။ ဖေဖော်ဝါရီလအတွင်း၌ အသက် ၆၅ နှစ်အရွယ် ယူကရိန်းသံအမတ်ကြီး Serhiy Kamshev သည် ပေကျင်းအိုလံပစ်ပြိုင်ပွဲသို့ သွားရောက်ပြီးနောက် အချိန်ပိုင်းအတွင်း ကွယ်လွန်ခဲ့သည်။ 

ဧပြီလအတွင်း၌ တရုတ်အရှေ့ပိုင်း အန်ဟွေးပြည်နယ်၌ အသက် ၇၄ နှစ်အရွယ် ဖိလစ်ပိုင်သံအမတ်ကြီး Jose Santiago “Chito” Sta Romana သည်  ကွာရန်တင်း ဝင်နေချိန်၌ ကွယ်လွန်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly