မဲဆောက်ရောက် မြန်မာရွေ့ပြောင်းအလုပ်သားများ ၈၈၈၈ အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်

မဲဆောက်ရောက် မြန်မာရွေ့ပြောင်းအလုပ်သားများ ၈၈၈၈ အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်

ဩဂုတ်လ ၈ ရက်

ထိုင်းနိုင်ငံ၊ မဲဆောက်ရောက် မြန်မာရွှေ့ပြောင်း လုပ်သားများက ယနေ့ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သော ၃၄ နှစ်မြောက် ရှစ်လေးလုံး အောက်မေ့ဖွယ် အခမ်းအနားကို မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က ဦးဆောင်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၈၈မျိုးဆက် တက္ကသိုလ်ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးမိုးကြိုး (ခ) ဦးစစ်နိုင်က“ရှစ်ဆယ့်ရှစ် စိတ်ဓာတ်နဲ့ နှစ်ထောင့်နှစ်ဆယ့်တစ် အထိကို ရင်ဆိုင်တိုက်ပွဲဝင်နေတဲ့ နွေဦးတော်လှန်ရေး စိတ်ဓာတ်ကြီးကို လက်ဆင့်ကမ်း သယ်ဆောင်ဖို့နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး စိတ်ဓာတ်ကို မဲဆောက်ဒေသမှာရှိတဲ့ ရွေ့ပြောင်းလုပ်သားတွေ အပါအဝင် ထိုင်းရောက် မြန်မာတွေ ရင်ဘတ်ထဲကို ပစ်သွင်းချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာ”ဟု ပြောသည်။

ထို့အပြင် ယင်းအခမ်းအနားတွင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်း ထားသူများအား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး တောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ရှစ်လေးလုံး အောက်မေ့ဘွယ် အခမ်းအနားကို စက်ရုံ လုပ်သမားများဖြင့် နေရာသုံးနေရာခွဲ၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly