ပါကစ္စတန်တွင် အမျိုးသမီးဂျာနယ်လစ်များ ဆင်ဆာဖြတ်ခံရမှု၊ တိုက်ခိုက်ခံရနိုင်မှု အန္တရာယ်နှင့် ပိုမိုရင်ဆိုင်နေရ

ပါကစ္စတန်တွင် အမျိုးသမီးဂျာနယ်လစ်များ ဆင်ဆာဖြတ်ခံရမှု၊ တိုက်ခိုက်ခံရနိုင်မှု အန္တရာယ်နှင့် ပိုမိုရင်ဆိုင်နေရ

ပါကစ္စတန်နိုင်ငံသည် လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့်ဆိုင်ရာ အညွှန်းကိန်းများ၌ နိမ့်ကျသော အဆင့်တွင် တစ်သမတ်တည်း ရပ်တည်ထားခဲ့သလို အွန်လိုင်းဘက်တွင်လည်း ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်ပေါ်နေသည်။ အထူးသဖြင့် အမျိုးသမီးများသည် နှောင့်ယှက်တိုက်ခိုက်ခံရမှုနှင့် စော်ကားခံရမှုတို့၏ အဆိုးဆုံး အခြေအနေကို ရင်ဆိုင်နေရသည်။
 
ဆန်းစစ်ဝေဖန်ရသော ကိစ္စရပ်များနှင့်ပတ်သက်ပြီး သတင်းရေးသားဖော်ပြသည့် ပါကစ္စတန် အမျိုးသမီး ဂျာနယ်လစ်များသည် ရန်ပြုတိုက်ခိုက်ခံရနိုင်မှုနှင့် စိစစ်ဖြတ်တောက်ခံရနိုင်မှု အန္တရာယ်များနှင့် တိုးမြင့် ရင်ဆိုင်နေရသည်။

မီဒီယာနှင့် ပတ်သက်ပြီး အပြောင်းအလဲမရှိသော စည်းမျဉ်းများနှင့် ဆင်ဆာဖြတ်တောက်မှုတို့နှင့်အတူ ပါကစ္စတန်သည် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၄၅ တွင် ရပ်တည်ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ ၂၀၂၁ ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့် အညွှန်းကိန်းက ဖော်ပြသည်။ ဂျာနယ်လစ်များကို အမှုကိစ္စများ ဖွင့်လှစ်ရန် နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ အသရေဖျက်မှု၊ အထူးသဖြင့် ဥပဒေချိုးဖောက်သော အသရေဖျက်မှုတို့ကဲ့သို့ ဥပဒေများကို အသုံးပြုထားခဲ့သည်။

 “ဒါနဲ့ပတ်သက်လို့ သုတေသန လေ့လာမှုရဲ့ အထောက်အထားတွေအရ တွေ့ရှိတာကတော့ ပါကစ္စတန်ရဲ့ အွန်လိုင်းပလက်ဖောင်းနေရာတွေမှာ အကြီးမားဆုံး စိန်ခေါ်မှုတွေအနက် တစ်ခုကတော့ အွန်လိုင်း အကြမ်းဖက် မှုနဲ့ နှောင့်ယှက်တိုက်ခိုက်မှုပဲ ဖြစ်ပါတယ်” ဟု လူ့အခွင့်အရေးဆိုင်ရာ အမျိုးသား ကော်မရှင် (NCHR) ၏ ဥက္ကဋ္ဌ ရာဘီယာ ဂျဗာရီ အက်ဂါက ဇူလိုင် ၂၉ ရက်တွင် ပြောကြောင်း Geo TV က ဖော်ပြသည်။

 “စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်တို့ဆိုတာက ကောင်းကောင်းလည်ပတ်ပြီး အောင်မြင်တဲ့ ဒီမိုကရေစီနိုင်ငံတိုင်းအတွက် အုတ်မြစ်တွေ ဖြစ်ပါတယ်” ဟု သူမက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly