ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူကို ပုဒ်မ ၂ ခုဖြင့် စစ်ကောင်စီအမှုဖွင့်

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူကို ပုဒ်မ ၂ ခုဖြင့် စစ်ကောင်စီအမှုဖွင့်

ဩဂုတ် ၄

ရန်ကုန် (မဇ္ဈိမ)။။ ။ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူကို ပုဒ်မ နှစ်ခုဖြင့် အမှုဖွင့်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ဂျပန်နိုင်ငံသား မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ Toru Kubotaကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က) တို့ဖြင့်အမှုဖွင့်လိုက်ခြင်းဖြစ်သည်။

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်တွင်ဂျပန်နိုင်ငံသား မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ Toru Kubota နှင့် ​စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူ နှစ်ဦးမှာ စစ်ကောင်စီက ဇူလိုင် ၃၀ ရက်တွင် စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရသည်။

ဂျပန်နိုင်ငံသားမှာ ဇူလိုင် ၁ ရက်တွင် တိုးရစ်စ်ဗီဇာ​​

ဖြင့် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံကို ၀င်ရောက်ခဲ့ပြီး ဇူလိုင် ၃၀ ရက်ညနေပိုင်းတွင် တောင်ဒဂုံစီးတီးမတ်အနီး လူ ၁၅ ဦးခန့်ပါ၀င်သည့် ဆန္ဒပြပွဲအား ဖုန်း၊ ကင်မရာတို့နဲ့မှတ်တမ်းတင်နေစဥ် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီကထုတ်ပြန်သည်။

၎င်းကိုစတင်ဖမ်းဆီးခဲ့စဥ်ကတည်းက ပြန်လွှတ်ပေးရန် တောင်းဆိုမှုများ ဂျပန်နိုင်ငံတွင်ဖြစ်ပွားခဲ့ပြီး ဆန္ဒပြမှုများလည်းဖြစ်ပေါ်ခဲ့သည်။

စာတည်း- စိန်ဝင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly