ပါကစ္စတန်တွင် အာဏာပိုင်တို့က လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် ဆက်လက်ပိတ်ပင်နေပြီး မီဒီယာလုပ်ငန်း၌ အကျပ်အတည်းနှင့် ရင်ဆိုင်နေရ

ပါကစ္စတန်တွင် အာဏာပိုင်တို့က လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် ဆက်လက်ပိတ်ပင်နေပြီး မီဒီယာလုပ်ငန်း၌ အကျပ်အတည်းနှင့် ရင်ဆိုင်နေရ

ပါလီမန် သမ္မတနိုင်ငံ ဖြစ်သည်ဟု ကြေညာထားသည့် ပါကစ္စတန်နိုင်ငံတွင် သတင်းမီဒီယာကဏ္ဍအပေါ် တိုက်ခိုက်မှုများ မြင့်တက်နေသည်ကို မြင်တွေ့နေရပြီး  အဆိုပါ နိုင်ငံ၌ အခြေခံကျသော လွတ်လပ်ခွင့်များအပေါ် ခြိမ်းခြောက်လာတော့မည့် အခြေအနေကို ညွှန်ပြနေသည်။

ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်း ၂၀၂၂ အစီရင်ခံစာအရ ပါကစ္စတန်သည် ၂၀၂၁ ခုနှစ်က အဆင့် ၁၄၅ တွင် ရပ်တည်ခဲ့ပြီး ၂၀၂၂ တွင် အဆင့် ၁၅၇ ၌ ရပ်တည်ခဲ့သဖြင့် အညွှန်းကိန်း၌ အဆင့် ၁၂ ဆင့် ကျသွားခဲ့သည်။

မီဒီယာ၏ အဓိက ရည်ရွယ်ချက်က အမြင်သဘောထားများ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသူများအတွက် ဖွင့်ဟထုတ်ဖော်ပေးရန် ဖြစ်သည်။ လက်တွေ့တွင် အဆိုပါ အစ္စလမ္မစ် သမ္မတနိုင်ငံရှိ ဆက်သွယ်ပြန်ကြားရေး လုပ်ငန်းများသည် လူထု၏ အတွေးအမြင်စနစ်များကို ပြန်လည်ပုံဖော်ရန် အသုံးပြုလျက်ရှိသည့် အစိုးရ ယန္တရား အဖြစ် အတင်းအကျပ် ပြောင်းလဲခံထားရသည်။

ပါကစ္စတန်ရှိ သတင်းသမားများသည် ခြိမ်းခြောက်မှု အရိပ်တစ်ခုအောက်တွင် အမြဲတစေ နေထိုင်နေခဲ့ရကြောင်း ပြင်သစ်အခြေစိုက် ပါကစ္စတန် ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ဘီလယ် ဘာလို့ချ်က ပြောသည်။

 “နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်တဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် အညွှန်းကိန်းကို ကျွန်တော်တို့ ကြည့်လိုက်မယ်ဆိုရင် ပါကစ္စတန်ရဲ့ အဆင့်ဟာ အင်မတန် နိမ့်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်” ဟု ဘီလယ်က ပြောသည်။

 ပါကစ္စတန်တွင် မီဒီယာအပေါ် ဖိနှိပ်ချုပ်ချယ်မှုက ၁၉၈၀ ပြည့်နှစ်ကာလများအတွင်း စစ်တပ်ဗိုလ်ချုပ်ကြီး ဇီအာ အူ ဟက်ခ် ၏ အာဏာရှင်အစိုးရ လက်အောက်ကတည်းက စတင်ခဲ့ပြီး ယနေ့အချိန်အထိ ဆက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required