တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ပါက ဆိုးရွားသောအကျိုးဆက်များရှိလာမည်ဟု ထိုင်ဝမ်ချစ်ပ်ပြားကုမ္ပဏီ TSMC က သတိပေး

တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ပါက ဆိုးရွားသောအကျိုးဆက်များရှိလာမည်ဟု ထိုင်ဝမ်ချစ်ပ်ပြားကုမ္ပဏီ TSMC က သတိပေး

တရုတ်အနေဖြင့် ထိုင်ဝမ်ကို ကျူးကျော်ပါက ဆိုးရွားသောအကျိုးဆက်များ ရှိလာမည်ဟု ထိုင်ဝမ် ချစ်ပ်ပြား ထုတ်လုပ်သည့် ကုမ္ပဏီကြီး TSMC က နှစ်ဘက်ဆက်ဆံရေး တင်းမာနေချိန်တွင် သတိပေးလိုက်သည်။

ထိုင်ဝမ်တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ (TSMC) ဥက္ကဋ္ဌ မာ့ခ်လျူက တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ပါက ထိုင်ဝမ်ရေလက်ကြားနှစ်ဘက်ရှိ စီးပွားရေးများသည် ကမောက်ကမဖြစ်သွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်ဟု Taiwan News တွင် ဖော်ပြထားသည်။ 

တရုတ်သည် ထိုင်ဝမ်ကို တိုက်ခိုက်လာပါက ချစ်ပ်ပြား ထုတ်လုပ်မှုသည် စိုးရိမ်သင့်သည့် အရေးအကြီးဆုံး အရာမဟုတ်တော့ကြောင်း CNN နှင့် တွေ့ဆုံမေးမြန်းခန်းတွင် လျူက ပြောသည်။
 
ခေတ်မီထုတ်ကုန်စက်ရုံများသည် ဥရောပ၊ အမေရိကန်နှင့် ဂျပန် စသည့် ပြင်ပကမ္ဘာနှင့်ဆက်စပ်ကာ အချိန် နှင့်တစ်ပြေးညီ မှီခိုနေရသောကြောင့် တရုတ်ကျူးကျော်မှုဖြစ်ခဲ့ပါက TSMC ကုမ္ပဏီများသည် လည်ပတ်နိုင်တော့ မည် မဟုတ်ကြောင်း လျူက သုံးသပ်သည်။
 တရုတ်သည် TSMC လုပ်ငန်းတွင် ၁၀ ရာခိုင်နှုန်းရှယ်ယာပါဝင်နေသည့်အတွက် တစ်ခုခုမလုပ်ဆောင်မီ နှစ်ကြိမ် ပြန်စဉ်းစားသင့်ကြောင်း ချစ်ပြားထုတ်လုပ်သည့် ကမ္ဘာ့အကြီးဆုံးကုမ္ပဏီဥက္ကဋ္ဌက တရုတ်အား တိုက်တွန်း ခဲ့ကြောင်း Taiwan News ၌ဖော်ပြထားသည်။

ယူကရိန်းကို ရုရှားကျူးကျော်သည့်ဖြစ်ရပ်မှ သင်ခန်းစာများယူသင့်ကြောင်းနှင့် စစ်ပွဲသည် အနောက်ကမ္ဘာ၊ ရုရှားနှင့် ယူကရိန်းတို့အတွက် အရှုံးများစွာနှင့်အနာဂတ်ကို ဖြစ်ပေါ်စေနိုင်သည်ဟု လျူက ပြောခဲ့သည်။


နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly