သေဒဏ်စီရင်မှု စစ်ကောင်စီ ထပ်မံလုပ်ဆောင်ပါက အာဆီယံအနေဖြင့် ငြိမ်းချမ်းရေးအစီအစဉ်ကို ပြန်သုံးသပ်မည်ဟု ကမ္ဘောဒီးယား ပြော

သေဒဏ်စီရင်မှု စစ်ကောင်စီ ထပ်မံလုပ်ဆောင်ပါက အာဆီယံအနေဖြင့် ငြိမ်းချမ်းရေးအစီအစဉ်ကို ပြန်သုံးသပ်မည်ဟု ကမ္ဘောဒီးယား ပြော

ဩဂုတ် ၃

မြန်မာအာဏာသိမ်းစစ်ကောင်စီဘက်က အကျဉ်းချထားသူများကို သေဒဏ်စီရင်မှုများ ထပ်မံလုပ်ဆောင်ပါက အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အနေဖြင့် မြန်မာနှင့် သဘောတူထားသော ငြိမ်းချမ်းရေး အစီအစဉ်ကို မဖြစ်မနေ ပြန်လည် သုံးသပ်သွားရလိမ့်မည် ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

အဖွဲ့ဝင် ၁၀ နိုင်ငံ ပါ အာဆီယံအုပ်စုသည် ယမန်နှစ်က သဘောတူထားခဲ့သော ဘုံသဘောတူညီချက် ငါးချက် ငြိမ်းချမ်းရေး အစီအစဉ်ကို မြန်မာစစ်ကောင်စီဘက်က လိုက်နာစောင့်ထိန်းစေရေး တိုက်တွန်း တွန်းအားပေးလျက် ရှိသည်။

ထို့ပြင် များမကြာမီက ဒီမိုကရေစီ လိုလားသော တက်ကြွလှုပ်ရှားသူ လေးဦးကို စစ်ကောင်စီက သေဒဏ်စီရင်ခဲ့မှုအပေါ် အာဆီယံက ရှုတ်ချဝေဖန်ထားခဲ့သည်။

ကမ္ဘောဒီးယားသည် လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်ပြီး ဝန်ကြီးချုပ် ဟွန်ဆန်သည် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတစ်ခု စတင်ချိန်တွင် မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required