အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်မတိုင်မီ တရုတ်ရေတပ်က စစ်ရေးလေ့ကျင့်မည်ဟု ကြေညာ 

အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်မတိုင်မီ တရုတ်ရေတပ်က စစ်ရေးလေ့ကျင့်မည်ဟု ကြေညာ 

အမေရိကန်အောက် လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်နှင့် ပတ်သက်၍ တင်းမာမှုများ မြင့်တက် နေချိန်တွင် ထိုင်ဝမ်ရေလက်ကြား၌ တရုတ်ရေတပ်က စစ်ရေးလေ့ကျင့်မည် ဖြစ်ကြောင်း ကြေညာလိုက်သည်။ 

လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီသည် သူမ၏ အာရှခရီးစဉ်အတွက် ပြင်ဆင်နေချိန်တွင် ယခုကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အင်ဒို-ပစိဖိတ်ဒေသတွင် လုံခြုံရေးနှင့် စီးပွားရေး အရှိန်အဟုန် တည်ဆောက်မည့် ခရီးစဉ်သည် ထိုင်ဝမ်ကို ပိုင်ဆိုင်ကြောင်း ပြောကြားသည့်  တရုတ်ကို ဖိအားပေးရန် အမေရိကန်၏ လှုပ်ရှားမှု အဖြစ် အဓိက ရှုမြင်ကြသည်။

 အခြားတစ်ဖက်တွင်မူ အမေရိကန်စစ်ဘက်အရာရှိများသည် ခရီးစဉ်မတိုင်မီ ထိုင်ဝမ်အနီးရှိ ပင်လယ်ပြင်သို့ တပ်ဖွဲ့ဝင်များကို ရွှေ့ပြောင်းပေးလျက်ရှိသည်။

 နန်စီပေလိုစီ လာရောက်မည်ဆိုသော ခရီးစဉ်မတိုင်မီ တောင်တရုတ်ပင်လယ်သို့ လေယာဉ် တင် သင်္ဘောတစ်စင်းကို ပင်တဂွန်က စေလွှတ်ခဲ့ကြောင်း Fox News က ဖော်ပြခဲ့သည်။

 အမေရိကန်ရေတပ်တွင် အသုံးပြုနေသော နျူကလီးယားစွမ်းအင်သုံး စူပါလေယာဉ်တင်သင်္ဘော USS Ronald Reagan နှင့် တိုက်ခိုက်ရေးအဖွဲ့သည် စင်ကာပူရှိ ဆိပ်ကမ်းတစ်ခုမှ ထွက်ခွာပြီးနောက် ဇူလိုင် ၂၆ရက်တွင် အဆိုပါ နေရာတွင် ရှိနေသည်။ 

 အဆိုပါ သတင်းကို ရေတပ်ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့သလို   စီစဉ်ထားသည့် ခရီးစဉ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

" USS Ronald Reagan နဲ့ တိုက်ခိုက်မှုအဖွဲ့က စင်္ကာပူကို အောင်မြင်စွာ သွားရောက်လည်ပတ်ပြီးတဲ့နောက် တောင်တရုတ်ပင်လယ်မှာ လှုပ်ရှားဆောင်ရွက်နေတယ်ဆိုတာကို အတည်ပြုနိုင်ပါတယ်" ဟု အမေရိကန် ရေတပ်ပြောခွင့်ရပုဂ္ဂိုလ် မတ်ခ်လန်ဖို့က ပြောကြားခဲ့သည်။

 နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကို မသွားရောက်ရန် တရုတ်က အမေရိကန်ကို ထပ်မံသတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required