တရုတ်လျှပ်စစ်ဓာတ်အားပေးစက်ရုံပိတ်ပစ်မှုကြောင့် ပါကစ္စတန် အခက်တွေ့

တရုတ်လျှပ်စစ်ဓာတ်အားပေးစက်ရုံပိတ်ပစ်မှုကြောင့် ပါကစ္စတန် အခက်တွေ့

 ပါကစ္စတန်ရှိ အကြီးဆုံး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများအနက် တစ်ခုဖြစ်သော နီလမ်းမြစ်ပေါ်တွင် တရုတ်ကုမ္ပဏီက တည်ဆောက်ထားသည့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် မြစ်မှရေကို ဓာတ်အားပေးစက်ရုံသို့လွှဲပြောင်းပေးသည့် ဥမင်လိုဏ်ခေါင်းအတွင်း၌ ဘူမိဗေဒဆိုင်ရာ ချွတ်ယွင်းချက်ကြောင့် လုံးဝရပ်တန့်သွားသည်။

 မဂ္ဂဝပ် ၉၆၉ ထုတ်ပေးသော ဓာတ်အားပေးစက်ရုံကို ပိတ်ထားခြင်းကြောင့် ပါကစ္စတန်တွင် စုစုပေါင်းလျှပ်စစ် ဓာတ်အား ၇ ၃၂၄ မဂ္ဂါဝပ် လျော့နည်းလျက်ရှိသည်။ ထိုသို့ဓာတ်အားပြတ်တောက်မှုကြောင့် ကရာချိနှင့်လာဟိုးကဲ့သို့ အဓိကမြို့ကြီးများတွင် ၁၂ နာရီမှ ၁၆ နာရီကြာထိ ဓာတ်အားပြတ်တောက်မှု ကြုံတွေ့နေရသော ပြည်သူများအတွက် ပိုမိုဆိုးရွားဖွယ်ရှိသည်။ 

အစိုးရသည် အင်တာနက်နှင့်မိုဘိုင်းဆက်သွယ်မှုများကို ပိတ်ခြင်းဖြင့် ဓာတ်အားချွေတာဖွယ်ရှိသည့် လျှပ်စစ်ဓာတ်အားအရေးပေါ်အခြေအနေကိုလည်း ကြေညာထားပြီးဖြစ်သည်။

 နိုင်ငံရေးဆုတ်ယုတ်မှုများ၊ စီးပွားရေးကျဆင်းမှုနှင့် အမြင်မတူသောစစ်တပ်တို့နှင့်တာဝန်ပိနေသော လက်ရှိ ရှာဘက်ဇ်ရှာရစ်ဖ်အစိုးရ၏ ဒုက္ခများသည် ဆိုးရွားသော လျှပ်စစ်ဓာတ်အားအကျပ်အတည်းကြောင့် ပိုမို ဆိုးရွားလာသည်။

 ဥပမာအားဖြင့် နည်းပညာချွတ်ယွင်းမှု သို့မဟုတ် လောင်စာဆီပြတ်တောက်မှုကြောင့် ပေါင်းစပ် လျှပ်စစ်ဓာတ် အား မဂ္ဂါဝပ် ၇ ၀၀၀ ကျော်ထုတ်လုပ်နိုင်သည့် ဓာတ်အားပေးစက်ရုံ ၂၇ ရုံသည် မလည်ပတ် နိုင်တော့ကြောင်း ဝန်ကြီးချုပ်ရှာရစ်ဖ်အား ယခုနှစ် ဧပြီလက အသိပေးခဲ့ကြသည်။

 ၂၀၁၈ ခုနှစ်က ရူပီး ဒေါ်လာ ၅၀၈ ဘီလီယံအကုန်ကျခံတည်ဆောက်ခဲ့သော နီလမ်း-ဂျယ်လမ်လျှပ်စစ် ဓာတ်အားပေးစက်ရုံပိတ်သွားခြင်းသည် အခြေအနေများကို ပိုမိုဆိုးရွားလာစေသည်။ ပြဿနာ အကြောင်းအရင်း ကို အသေအချာမသိရသေးသော်လည်း ၃ ဒသမ ၅ ကီလိုမီတာရှည်သော ဥမင်လိုဏ်ခေါင်းပိတ်သွားခြင်းကြောင့် ဟု ယုံကြည်ရသည်။

 ်မြစ်ထဲမှရေကို စက်ရုံသို့ပို့ပြီး လျှပ်စစ်ဓာတ်အားထုတ်ရန် လိုဏ်ခေါင်းကိုအသုံးပြုသည်။ ထို့နောက် ရေကို မြစ်ထဲသို့ ပြန်စီးဆင်းစေရန် လိုဏ်ခေါင်းထဲသို့ ပြန်လွှတ်ခြင်းဖြစ်သည်။ ပြဿနာမှာ စက်ရုံမှရေကို မြစ်ထဲသို့ ပြန်လွှဲသည့် ဥမင်လိုဏ်ခေါင်းတွင် ဖြစ်နေခြင်းဖြစ်သည်။

 ပါကစ္စတန်၏ ရေအာဏာပိုင် (WAPDA) သည် ပိတ်ဆို့ခြင်းအား ဖြေရှင်းရန် တရုတ်ကုမ္ပဏီနှင့် ချိတ်ဆက် ထားသည်။ အာဏာပိုင်များသည် အမေရိကန်ကုမ္ပဏီ Stantec ထံမှ အကြံဉာဏ်များလည်း တောင်းခံထားသည်။ လွန်ခဲ့သည့် ၂ နှစ်က တရုတ်ကုမ္ပဏီသည် ခိုင်ဘာပက်ခ်တွန်ဝါပြည်နယ် ဆွက်မြစ်ပေါ်တွင် အခြားဓာတ်အားပေး စက်ရုံစီမံကိန်းကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံဖြင့် ဆောက်လုပ်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly