ရေစကြိုမြို့နယ် မင်းရွာတွင် တပ်စွဲထားသည့်စစ်အုပ်စုကို PDF များ အနီးကပ်ဝင်ရောက်တိုက်ခိုက်

ရေစကြိုမြို့နယ် မင်းရွာတွင် တပ်စွဲထားသည့်စစ်အုပ်စုကို PDF များ အနီးကပ်ဝင်ရောက်တိုက်ခိုက်

ဩဂုတ် ၂

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ မင်းရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်သား များနှင့် ပျူစောထီးများအား ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ ကြောင်းသိရသည်။ 
ဩဂုတ်လ ၁ ရက် ည ၁ဝ နာရီဝန်းကျင်အချိန်တွင် အင်အား ၁၀၀ နီးပါးရှိသည့် စစ်ကောင်စီတပ်စခန်းချ ရာ စာသင်ကျောင်းသို့ သွားရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

“သူတို့က ရွာရဲ့စာသင်ကျောင်းထဲမှာ  ကတုတ်ကျင်းတွေတူးပြီး တပ်စွဲထားတာဗျ။ ဒါကို ကျွန်တော်တို့က ရွာထဲကို ပြောက်ကျားစနစ်နဲ့ကပ်ပြီး အနီးကပ်ပစ်ကြတာ”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို မြို့နယ်မှ ရဲဘော်ဝေကြီးကပြောပြသည်။ 
တိုက်ပွဲသည် ၁၅ မိနစ်ခန့်အကြာ အပြန်အလှန်ပစ်ခတ်ကြပြီး စစ်ကောင်စီဘက်မှထိခိုက်မှုရှိနိုင်သော် လည်း သတင်းအတိအကျစုံစမ်းဆဲဖြစ်သောကြောင့် သေဆုံးမှုကို မထုတ်ပြန်နိုင်သေးပေ။

စစ်ကောင်စီတပ်ဘက်မှ လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ခြင်း၊ လက်နက်ကြီးများ ၁၅ ချက်ခန့် ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများ ထိခိုက်ကျဆုံးမှုမရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ရဲဘော်ဝေကြီး ပြောသည်။
ရေလယ်ကျွန်းဒေသ အလယ်တည့်တည့်၌ရှိသည့် မင်းရွာသို့ စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂၈ ရက်နေ့ တွင် တပ်စွဲရန်ရောက်ရှိလာခြင်းဖြစ်ပြီး ရွာခံ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး မျိုးဝင်းခိုင်ဆိုသူနှင့် ပူးပေါင်း ကာ ပျူစောထီးတပ်ဖွဲ့များနှင့်အတူ တပ်စွဲထားခြင်းဖြစ်သည်။

ယမန်နေ့ညတိုက်ပွဲအား သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (People Defense Force Yesagyo) ၊ Phoenix-အထူးပြောက်ကျားတပ်ဖွဲ့YLK ပြောက်ကျားတပ်ဖွဲ့၊ ရဲဘော်ညီနှောင် PDF နှင့် Young Fighterပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ကြခြင်းဖြစ်သည်။

#Mizzima
#ရေစကြိုမြို့နယ်
#ရေလယ်ကျွန်းဒေသ
#မင်းရွာ
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required