ကမ္ဘာ့နိုင်ငံများ၏ လုံခြုံရေးကို ချိုးဖောက်နေသော ထရိုဂျန်မြင်းတစ်ကောင် သို့မဟုတ် ကွန်ဖြူးရှပ်အဖွဲ့အစည်း

ကမ္ဘာ့နိုင်ငံများ၏ လုံခြုံရေးကို ချိုးဖောက်နေသော ထရိုဂျန်မြင်းတစ်ကောင် သို့မဟုတ် ကွန်ဖြူးရှပ်အဖွဲ့အစည်း

ကွန်ဖြူးရှပ်အဖွဲ့အစည်းများသည် ဝါဒဖြန့်ချိရေး ကိရိယာတစ်ခုထက် ပိုမိုစောင့်ကြည့်ရမည်ဆိုသော စွပ်စွဲချက်များကို ကြုံတွေ့လာရသည်။

ကမ္ဘာပေါ်တွင် ကွန်ဖြူးရှပ်အဖွဲ့အစည်းပေါင်း ၅၃၀ နီးပါးရှိရာတွင် ၎င်းတို့သည် သူလျှိူလုပ်ခြင်း၊ လျှိူ့ဝှက်စုံစမ်းခြင်းနှင့် ပညာရေးဆိုင်ရာ ကြားဝင်ချယ်လှယ်မှုများ လုပ်ဆောင်နေသောကြောင့် စောင့်ကြည့်ရမည့် အဖွဲ့အစည်းများအဖြစ် သတ်မှတ်ခံလာရကြောင်း The HK Post တွင် ဖော်ပြထားသည်။

ထင်ရှားသည့် ယင်းအဖွဲ့အစည်းများကိုလည်း တရုတ်၏ ထရိုဂျင် မြင်းအဖြစ် သတ်မှတ်လာကြသည်။ 

၎င်းတို့သည် နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်စေသည့် ပျက်စီးမှုကို လုပ်ဆောင်ကြောင်း အများစုက နားမလည်စေဘဲ သက်ဆိုင်ရာ နိုင်ငံတို့၏ ဂိတ်တံခါးများကို ချိုးဖောက်ဝင်ရောက်ခဲ့ကြသည်။

ကွန်ဖြူးရှပ်အဖွဲ့အစည်းများကို ကမ္ဘာအနှံ့တွင် ဟန်ဘန်ဟုခေါ်သည့် နိုင်ငံတကာ တရုတ်ဘာသာစကားကောင်စီ အဖွဲ့က လည်ပတ်လုပ်ကိုင်ခြင်း ဖြစ်သည်။

ဥရောပနှင့် မြောက်အမေရိကမှ ကွန်ဖြူးရှပ်အဖွဲ့အစည်းအများအပြားသည် တရုတ်ဘာသာစကားနှင့် ယဉ်ကျေးမှု သင်တန်းများကို ပို့ချပြီး ပြည်ပတက္ကသိုလ်များနှင့် ဖက်စပ်ထူထောင်ထားကြောင်း The HK Post က ဖော်ပြသည်။

အခြေခံအဆောက်အဦတည်ဆောက်ခြင်း၊ သင်တန်းများနှင့် နယ်ခံတရုတ်သင်တန်းဆရာများအတွက် ထောက်ပံ့ငွေ မက်လောက်စရာရရှိခြင်းကြောင်း ထင်ရှားသည့် တက္ကသိုလ်များသည် ကွန်ဖြူးရှပ်အဖွဲ့အစည်း များနှင့် မိတ်ဖက် လုပ်ကိုင်လာကြသည်။

‌အဆိုပါအဖွဲ့အစည်းများကို တရုတ်ကွန်မြူနစ်ပါတီက ငွေကြေးထောက်ပံ့ယုံသာမက အကြံပေးခြင်း၊ စီမံခန့်ခွဲခြင်း နှင့် လမ်းညွှန်မှုတို့ကိုလည်း လုပ်ဆောင်သည်မှာ ငြင်းဆိုမရသည့်အချက်ဖြစ်သည်။

ဥရောပသမဂ္ဂ၌ ကွန်ဖြူးရှပ်အဖွဲ့အစည်း ၁၉၀ ထက်မနည်း ရှိရာတွင် အများစုကို မိတ်ဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားခြင်းအား ပြန်လည်သုံးသပ်လျက်ရှိသည်။

ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ရေပန်းစားနေသည့် ရီရှီဆူနက်ခ်က ၎င်းရွေးချယ်တင်မြှောက်ခံရပါက နိုင်ငံတွင်းရှိ ကွန်ဖြူးရှပ်အဖွဲ့အစည်း ၃၀ လုံးကို ပိတ်ပစ်မည်ဟု ပြောကြားထားသည်။

‌ယင်းကဲ့သို့ ထုတ်ပြန်ချက်များနှင့် ဥရောပနိုင်ငံတို့၏ လုပ်ဆောင်ချက်များက တရုတ်အစိုးရနှင့် ပညာရေးကဏ္ဍတွင် ဆက်လက်ဆက်ဆံ ဆောင်ရွက်နေပါက အန္တရာယ်ရှိနိုင်ကြောင်း ဖော်ပြမှုတစ်ခု ဖြစ်ကြောင်း The HK Post သတင်းဌာနကဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly