ပါကစ္စတန်အနေဖြင့် သူပုန်အဖွဲ့ကို တိုက်ဖျက်ရန် အာဖဂန်တာလီဘန်နှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရန် လိုအပ်ဟု ပညာရှင်များ သုံးသပ်

ပါကစ္စတန်အနေဖြင့် သူပုန်အဖွဲ့ကို တိုက်ဖျက်ရန် အာဖဂန်တာလီဘန်နှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရန် လိုအပ်ဟု ပညာရှင်များ သုံးသပ်

ပိတ်ပင် တားမြစ်ခံထားရသည့် တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) ခေါ် ပါကစ္စတန် တာလီဘန်အဖွဲ့သည် ပါကစ္စတန်၏ ပြည်တွင်း လုံခြုံရေးနှင့် အနောက်ပိုင်း နယ်စပ်များအတွက် ခြိမ်းခြောက်မှုများ ဆက်လက် ဖြစ်ပေါ်စေလျက်ရှိရာတွင် အဆိုပါ အဖွဲ့ကို တိုက်ဖျက်ရန် ပါကစ္စတန်အာဏာပိုင်တို့အနေဖြင့် အာဖဂန်တာလီဘန် အစိုးရနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရန် လိုအပ်လိမ့်မည်ဟု အစ္စလမ်မာဘတ် အခြေစိုက် မူဝါဒ သုတေသနနှင့် ကူညီပံ့ပိုးရေးဆိုင်ရာပညာရှင်များအဖွဲ့ဖြစ်သော ငြိမ်းချမ်းရေး လေ့လာမှုဆိုင်ရာ ပါကစ္စတန် အင်စတီကျု (PIPS) က ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်သည့် “ပါကစ္စတန် ဘက်မှ မြင်ရသော အာဖဂန်နစ္စတန်” ဟု ခေါင်းစဉ် တပ်ထားသည့် စာတမ်းတွဲများ၏ အဓိက လေ့လာတွေ့ရှိချက်အချို့ ဖြစ်သည်။ 

ယင်းသုတေသနလုပ်ဆောင်ချက်သည် PIPS ၏ ၃ လတစ်ကြိမ်ထုတ် အာဖဂန်နစ္စတန်ဆိုင်ရာ ‘အခြေအနေ သုံးသပ်လေ့လာချက်’ အစီရင်ခံစာများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ပါကစ္စတန်အစိုးရအနေဖြင့် တရားမဝင်ကြောင်း ကြေညာထားသည့် အဖွဲ့နှင့် ဆွေးနွေးပြောဆိုခြင်းအားဖြင့် တာလီဘန် အစိုးရကို ထောက်ခံ အခွင့်အရေးပေးရာ ရောက်မည် မဟုတ်သလို ငြိမ်းချမ်းရေး တည်ဆောက်သူ အဖြစ် ၎င်းတို့၏ ပုံရိပ်ကို ကူညီမြင့်တက်စေလိမ့်မည်
မဟုတ်ပေ။ အမှန်တကယ်တမ်းတွင် ၎င်းတို့၏ အစိုးရသည် အကြမ်းဖက်သမားများနှင့် ကြိုးကိုင်ခြယ်လှယ်သူများကို ထောက်ခံအားပေးနေသည်ဆိုပြီး ရှုမြင်ခံရလိမ့်မည်ပင် ဖြစ်သည်။

ပထမ သုတေသနစာတမ်းတွင် PIPS ၏ ညွှန်ကြားရေးမှူး မိုဟာမက် အာမီရာ ရာနာက ပါကစ္စတန် အစိုးရနှင့် TTP အဖွဲ့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ၏ အကျိုးသက်ရောက်မှုကို အကဲဖြတ်ထားခဲ့သည်။

အကြီးတန်း ဂျာနယ်လစ် ဇိုင်အာအူရာ ရာမန်က ဒုတိယမြောက် ပါဝင်အကြံပြုဆွေးနွေးထားပြီး ပါကစ္စတန်နှင့် ပတ်သက်၍ အာဖဂန်နစ္စတန်၏ ရှိမြဲဖြစ်သော အမြင်သဘောထား အကြောင်းအချက်များကို လေ့လာဖော် ထုတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly