ရေးမြို့နယ် လမိုင်းမြို့ ရဲစခန်းအနီး ဖြတ်သွားသည့်လူငယ် ပစ်ခတ်ခံရ၍ သေဆုံး

ရေးမြို့နယ် လမိုင်းမြို့ ရဲစခန်းအနီး ဖြတ်သွားသည့်လူငယ် ပစ်ခတ်ခံရ၍ သေဆုံး

ဩဂုတ်လ ၁ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်ခွဲ လမိုင်းမြို့ ရဲစခန်း အနီး၌ ယမန်နေ့ ဇူလိုင်လ ၃၁ ရက်နေ့ ညပိုင်းတွင် လူငယ်တစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးသွားကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

အဆိုပါ လူငယ်မှာ ကိုလင်းအောင် ဆိုသူဖြစ်ပြီး ၎င်းသည် ယင်းနေ့ညနေပိုင်းတွင် စားသောက်ဆိုင်သို့ သွားရောက်ခဲ့ပြီးနောက် အပြန်တွင် လမိုင်းမြို့ ရဲစခန်းအရှေ့၌ သေနတ်ဖြင့် ပစ်ခံရခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

လမိုင်းမြို့ခံတစ်ဦးက“မနက်မိုးလင်းလို့ ရဲစခန်းက ဖုန်းဆက် အကြောင်းကြားလာမှ သိရတယ် အလောင်း လာယူဖို့ပြောမှ သေဆုံးသွားတာကို သိရတယ်”ဟု ပြောသည်။

အဆိုပါ လူငယ်ကို ရဲတပ်ဖွဲ့ဝင်များက လမိုင်းမြို့ ရဲစခန်း အနီးကို ကပ်လာသည့်အတွက် မသင်္ကာ၍ ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု ယင်း ရဲတပ်ဖွဲက ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက် အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly