ကျဆုံးသွားသော သူရဲကောင်း ၇ ဉီးအတွက် CDF – Kanpetlet မှ ငွေတိုက်စာချုပ် ဝယ်ယူပေး

ကျဆုံးသွားသော သူရဲကောင်း ၇ ဉီးအတွက် CDF – Kanpetlet မှ ငွေတိုက်စာချုပ် ဝယ်ယူပေး

ဩဂုတ်လ ၁ ရက်

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ဖြစ်ပွားခဲ့သော တိုက်ပွဲများ အတွင်း ကျဆုံးခဲ့သော သူရဲကောင်းခုနစ်ဉီးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ - ငွေတိုက်စာချုပ် NUG Bond ကို ကျန်ရစ်သောမိသားစုများအတွက်ဝယ်ယူပေးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက် လက်) CDF – Kanpetlet မှ ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည်။

“တချိန်ကျရင် ငွေတိုက်စာချုပ်ကရလာတဲ့အကျိုးအမြတ်ကို သူရဲကောင်းရဲဘော်တွေရဲ့ မိသားစုထံပြန် ပေးအပ်နိုင်ဖို့ ရင်းနှီးမြှုပ်နှံထားတာပါ။ ပြည်သူတွေအနေနဲ့ NUG Bond ကို ဝယ်ယူသင့်တဲ့အကြောင်း တော်လှန်ရေးကို ဒီလိုနည်းနဲ့လည်းပါဝင်လို့ရတဲ့အကြောင်း သိစေချင်တဲ့အတွက် စာချုပ်ဝယ်ယူရခြင်း ဖြစ်ပါတယ်” ဟု CDF – Kanpetlet ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထွန်းလိန်းက မဇ္ဈိမသို့ ပြောသည်။

ကျဆုံးခဲ့ရသောရဲဘော်များမှာ ဇန်နဝါရီ ၂၃ ရက် ၂၀၂၁ အပေါ်ရွာနားတိုင်ပွဲတွင် Salai Si Thu Aung ၊ မေလ ၃၀ ရက် ၂၀၂၁ တာဝါတိုက်ပွဲတွင် Salai Ling Shwe နှင့် Salai Aung Ling ၊ စက်တင်ဘာ ၂၄ ရက် ၂၀၂၁ ခုနှစ် ၆ မိုင်တိုင်ပွဲတွင် Salai Aung Hone Mang၊ စက်တင်ဘာ ၂၅ ရက်နေ့ လေယာဉ်ကွင်းတိုက်ပွဲ တွင် Salai Ling Om ၊ ဧပြီလ ၂၂ ရက်နေ့ ၂၀၂၂ ခုနှစ်တွင် ဆလိုင်းထန်းအွမ်နှင့် ဇွန်လ ၂၆ ရက် ၂၀၂၂ နေ့တွင် ဆလိုင်းမနားကွီးတို့ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ကျဆုံးသွားသော ရဲဘော်များ၏ ကျန်ရစ်သောမိသားစုများအား CDF – Kanpetlet တပ်ဖွဲ့အနေဖြင့် ငွေကြေးအားဖြင့် ကူညီခြင်းများလည်း လုပ်ဆောင်ပေးကြောင်း သိရသည်။

ကျဆုံးသွားသည့် သူရဲကောင်းရဲဘော်များသည် တပ်ဖွဲ့၏အားကိုးရသောရဲဘော်များ ဖြစ်ပြီး CDF – Kanpetlet အနေဖြင့် ကျန်ရစ်သော မိသားစုများကိုလည်း ပြန်လည်လုပ်ဆောင်ပေးနိုင်မှု အများအပြား မရှိသည့်အတွက် ယခုကဲ့သို့ ငွေတိုက်စာချုပ်ဝယ်ယူပြီးပေးအပ်သောအစီအစဉ်ကို ပြုလုပ်ခဲ့ရခြင်းဖြစ် ကြောင်းဆိုသည်။

ပြည်သူများအနေဖြင့် နွေဉီးသူရဲကောင်းများအတွက်ရည်စူးပြီး ကျန်ရစ်သောမိသားစုများအတွက် ငွေ တိုက်စာချုပ်များကို ဆက်သွယ်ဝယ်ယူလှူဒါန်းပေးနိုင်ကြောင်း NUG Bond ကို ယုံယုံကြည်ကြည့်ဖြင့် ဝယ်ယူပေးခြင်းအားဖြင့် တော်လှန်ရေးအပေါ် ပိုမိုအာရုံစိုက်ကူညီပေးကြရန် CDF – Kanpetlet ပြောရေး ဆိုခွင့်ရှိသူမှ မေတ္တာရပ်ခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly