ချင်းအမျိုးသားတပ်မတော်(CNA)မိုးရာသီဘောလုံးပြိုင်ပွဲ ကျင်းပ

ချင်းအမျိုးသားတပ်မတော်(CNA)မိုးရာသီဘောလုံးပြိုင်ပွဲ ကျင်းပ

ဩဂုတ်လ ၁ ရက်

ချင်းအမျိုးသားတပ်မတော်(CNA)ဖလား မိုးရာသီဘောလုံးပြိုင်ပွဲကို အသင်း ၁၀ သင်းဖြင့် ဗစ်တိုရီးယား ဌာနချုပ်၌ ဇူလိုင်လ ၁၆ ရက်မှ ၃၁ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။

ချင်းအမျိုးသားတပ်မတော်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသည့်ကြားမှပင် အဆိုပါဘောလုံး ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါဘောလုံးပြိုင်ပွဲတွင် ချင်းအမျိုးသားတပ်ဦး(CNF)အောက်ရှိ ဌာနအသီးသီးနှင့် အခြားအဖွဲ့အစည်း များကို ကိုယ်စားပြုသည့်ပြိုင်ပွဲဝင်အသင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားပြိုင်ပွဲ ပထမဆုကို သင်တန်း ဆရာအသင်းနှင့် အမျိုးသမီးပြိုင်ပွဲပထမဆုကို သင်တန်းဆရာမအသင်းများက ရရှိခဲ့ကြကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly