မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ဖြန့်ထားခြင်းကြောင့် ဒေသခံများ သတိထားရှောင်ရှားကြရန် MBPDF အရေးပေါ်သတိပေး

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ဖြန့်ထားခြင်းကြောင့် ဒေသခံများ သတိထားရှောင်ရှားကြရန် MBPDF အရေးပေါ်သတိပေး

ဩဂုတ်လ ၁ ရက်

ရှမ်းနှင့်ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့နေရာအနှံ့အပြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထား သောကြောင့် ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများရှိရာနေရာနှင့်ဝေးရာသို့ အမြန်ဆုံး ရှောင်ရှားကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က ယနေ့ သြဂုတ် ၁ ရက်နေ့တွင် အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂) တပ်ရင်းသည် ယနေ့နံနက် ၁၀ နာရီခန့်မှ စတင်၍ မိုးဗြဲမြို့စွန်နှင့် ကာကွယ်ရေးအဖွဲ့များရှိနိုင်သည့်နေရာများသို့ လက်နက်ကြီးများပစ်ခတ်မှုပြုလုပ်ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အချိန်မရွေး ထိတွေ့တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း သိရသည်။

“စကစတွေက နေ့လယ်အထိတော့ ဆင်းမလာသေးဘူး။ ခြေရောင်ပြတာလဲ ဖြစ်နိုင်တယ်။ အနီးအနားကို လိုက်ပြီး ထောက်လှမ်းကြည့်တဲ့ အခြေအနေတော့ရှိတယ်။ သူတို့ ဆင်းလာမှာကို စိုးရိမ်လို့ ထုတ်ပြန်ထား တာပါ။ ထိတွေ့တိုက်ပွဲတော့ မဖြစ်သေးဘူး၊ စောင့်ကြည့်နေတဲ့ အခြေအနေပဲရှိသေးတယ်" ဟု MBPDF တပ်ဖွဲ့ဝင်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း၍တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အသေအဆုံးများ ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မကြာခဏဆိုသလို မိုးဗြဲမြို့ပေါ်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ် ခတ်တိုက်ခိုက်ခဲ့မှုများရှိခဲ့ပြီး စစ်ဘေးရှောင်ဒေသခံအချို့သေဆုံးမှုများရှိကာ ဒဏ်ရာရရှိသူများလည်းရှိ ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly