ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်းမှ "လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲ"

ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်းမှ "လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲ"

ဇူလိုင်လ ၃၁ ရက်

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း၊ လူထုသပိတ်စစ်ကြောင်းမှ "တရားတဲ့သူသာနိုင်ကြေးဟေ့" စာတန်းကိုကိုင်ဆွဲ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်ကျင်းပသော "လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲ"ကို ယနေ့ ဇူလိုင် ၃၁ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

လူထုသပိတ်စစ်ကြောင်းတွင်ပါဝင်သူများသည် “ တော်လှန်ရေးတွင် မြင့်မြတ်စွာရင်းနှီး ပေးဆပ်ခဲ့ကြသူအပေါင်းတို့၏ ကျေးဇူးဂုဏ်ကို ဦးညွှတ်အလေးပြုပါသည်။ တော်လှန်ရေး ပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုပါသည်။ တရားမျှတ လွက်လပ်ခြင်းနှင့် တန်းတူညီမျှခြင်းတို့သည် ဤမြေ၌တည်ပါစေသတည်း” စသည့် တိုင်တည်မှုများဖြင့် သစ္စာအဓိဋ္ဌာန်ပြုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly