မဲဆောက်တွင် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် သူရဲကောင်းများအတွက် ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲပြုလုပ်

မဲဆောက်တွင် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် သူရဲကောင်းများအတွက် ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲပြုလုပ်

ဇူလိုင် ၃၁

ထိုင်းနိုင်ငံ ၊မဲဆောက်မြို့ရောက် မြန်မာများစုစည်း၍ ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားကြသည့် သူရဲကောင်းများအတွက် ဝါဆို သင်္ကန်းကပ်လှူပွဲနှင့် လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ယနေ့ နံနက် ၉ နာရီ ၂၀ မိနစ်က မဲဆောက်မြို့၊ ကျောင်းကြီးကျောင်းတိုက်တွင် ဝါဆိုသင်္ကန်းကပ်လှူပွဲပြုလုပ်ခဲ့ကြပြီး မနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း မဲဆောက်ရောက် ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှား လူငယ်များထံက သိရသည်။

#Mizzima

#ထိုင်းနိုင်ငံ

#မဲဆောက်မြို့

#ဒီမိုကရေစီတိုက်ပွဲ

#ကျဆုံးသူရဲကောင်းများ

#ဝါဆိုသင်္ကန်းကပ်လှူ

#လူထုသစ္စာအဓိဋ္ဌာန်ပြု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly