နိုင်ငံအကျပ်အတည်းသို့ ဦးတည်နေသော်လည်း စီးပွားရေးတည်ငြိမ်မှုရှိဟု ပါကစ္စတန်အစိုးရက ပြည်သူများကို အခိုင်အမာ ပြော

နိုင်ငံအကျပ်အတည်းသို့ ဦးတည်နေသော်လည်း စီးပွားရေးတည်ငြိမ်မှုရှိဟု ပါကစ္စတန်အစိုးရက ပြည်သူများကို အခိုင်အမာ ပြော

ပါကစ္စတန်၏ စီးပွားရေးသည် အခက်အခဲအကျပ်အတည်းတစ်ခုဆီ ဦးတည်လျက် ရှိသော်လည်း နိုင်ငံ စီးပွားရေးက တည်ငြိမ်မှု ရှိနေသည် ဆိုပြီး အစိုးရက နိုင်ငံသားများကို အခိုင်အမာ ပြောဆိုလျက် ရှိသည်။

စီးပွားရေး အကျပ်အတည်းများ များပြားလာစဉ် “ဖန်ခွက်ထဲ၌ ရေတစ်ဝက်ပြည့်နေသည်” ဆိုသော အကောင်းမြင် ချဉ်းကပ်နည်းကို ကိုင်ဆွဲရန် ပါကစ္စတန်အစိုးရက ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ပါကစ္စတန်နိုင်ငံသည် ကြွေးမြီပြန်ဆပ်ရန် ပျက်ကွက်မည့် အခြေအနေသို့ ဦးတည်နေခြင်း မရှိကြောင်း၊ ရူပီးငွေတန်ဖိုးကလည်း ဒေါ်လာနှင့် ယှဉ်လျင် စံချိန်တင် ၀ ဒသမ ၈၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သော်လည်း တည်ငြိမ်မှုရှိနေကြောင်းနှင့် နိုင်ငံတွင် တစ်လကျော် အသုံးပြုနိုင်ရန် ဓာတ်ဆီ အလုံအလောက် ရှိကြောင်း နိုင်ငံ၏ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲသူများက ဇူလိုင် ၂၁ ရက်တွင် အခိုင်အမာ ပြောဆိုခဲ့ကြသည်။

နိုင်ငံသုံး ရူပီးငွေကြေးက ဒေါ်လာနှင့် ယှဉ်ပါကစံချိန်တင် ကျဆင်းခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ဝန်ကြီးချုပ်က အစိုးရအဖွဲ့ အစည်းအဝေးတစ်ခု၌ ပြောကြားခဲ့သလို အစိုးရ ထိပ်တန်းအရာရှိများကို မကြာမီက ပေးခဲ့သည့် ‘အထူး ခွင့်ပြုထောက်ပံ့ငွေ’ ပေးအပ်ခြင်းနှင့် ပြည်သူပိုင်ငွေများကို အကုန်အကျခံစေလျက်ဖြင့် အခြား သော အလားတူ ထည်ဝါခမ်းနားသော နေထိုင်မှုပုံစံများကို လုံးလုံးလျားလျား အဆုံးသတ်ရေး ကာကွယ်ရေး ဝန်ကြီး ခါဝါဂျာ အာဆစ်ဖ်က ဘဏ္ဍာရေးဝန်ကြီး မစ်ဖ်တာ အစ္စမေးလ်နှင့် အတူ ပြုလုပ်ခဲ့သည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် တောင်းဆိုခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

သီးခြားအနေဖြင့် နိုင်ငံ၏ ရေနံထုတ်ကုန် အရန်သိုမှီးထားမှုများက စံချိန်တင်အဆင့် တစ်ခုတွင် ရှိနေသည်ဟု စွမ်းအင်ဝန်ကြီး ခါရမ်း ဒက်စ်ဂျီရာက အခိုင်အမာ ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly