တောင်ဒဂုံမြို့နယ် ဆန္ဒပြသပိတ်မှ အပြန်လမ်းတွင် ဂျပန်နိုင်ငံသားနှင့် ဆန္ဒပြလူငယ် ၂ ဦး ကိုအရပ်ဝတ်များမှ ဖမ်းဆီးသွား

တောင်ဒဂုံမြို့နယ် ဆန္ဒပြသပိတ်မှ အပြန်လမ်းတွင် ဂျပန်နိုင်ငံသားနှင့် ဆန္ဒပြလူငယ် ၂ ဦး ကိုအရပ်ဝတ်များမှ ဖမ်းဆီးသွား

ဇူလိုင်လ ၃၀ ရက်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၁၉) ရပ်ကွက်၊ မြိတ်လမ်းတွင် ယနေ့ ဇူလိုင်လ ၃၀ ရက် ညနေ ၃ နာရီကျော်အချိန်၌ ဆန္ဒပြသပိတ်မှအပြန်လမ်းတွင် စစ်ကောင်စီ၏ အရပ်ဝတ်များက ဂျပန်နိုင်ငံသားတစ်ဦးအပါအဝင် သုံးဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

တောင်ဒဂုံမြို့နယ်တွင် “အမှန်တရားကို အမှားတစ်ရာက ဖမ်းထားသည်”ဟူသော သပိတ်ကို ယနေ့ ညနေ ၃ နာရီတွင် ပြုလုပ်ပြီး အပြန်တွင် ယခုကဲ့သို့ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

“ညနေသပိတ်က အပြန်မှာ ပရိုဘောက်ပေါ်ကနေ အရပ်ဝတ်တွေနဲ့ ဖမ်းသွားတာဗျ” ဟု သပိတ်အဖွဲ့များနှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောကြားသည်။

ဖမ်းဆီးသွားချိန်တွင် ဂျပန်နိုင်ငံသား Toru Kubota ၊အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြပြီး ကျန်သူများမှာလွတ်မြောက်သွားခဲ့သည်ဟု သိရသည်။

ဖမ်းဆီးသွားသူများကို မည်သည့်နေရာသို့ ဖမ်းဆီးသွားကြောင်းမသိရသေးကြောင်း သပိတ်အဖွဲ့ဝင်များက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly