တရုတ်လူ့အခွင့်အရေးရှေ့နေကို မျက်ကွယ်ရုံးတင်စစ်ဆေးစဉ် ရဲများက မိသားစုဝင်များကို ထိန်းသိမ်းထား

တရုတ်လူ့အခွင့်အရေးရှေ့နေကို မျက်ကွယ်ရုံးတင်စစ်ဆေးစဉ် ရဲများက မိသားစုဝင်များကို ထိန်းသိမ်းထား

တရုတ်လူ့အခွင့်အရေးရှေ့နေ ချန်းဝေဘင်းသည် နိုင်ငံတော်အာဏာကို ထိပါးနှောင့်ယှက်မှုစွဲချက်ဖြင့် ရှန်းရှီးပြည်နယ်၌ မျက်ကွယ်ရုံးတင်စစ်ဆေးခံခဲ့ရသည့်အပြင် ၎င်း၏ဇနီးမှာလည်း တရားရုံးသို့ မသွားရန် တားမြစ် ခံခဲ့ရသည်။

ရှေ့နေ၏ရုံးတင်စစ်ဆေးမှုကို ဇူလိုင် ၂၆ ရက်က ဖန်းကောင်တီပြည်သူ့တရားရုံးတွင် စတင်ခဲ့စဉ် ၎င်း၏ ဇနီး ဖြစ်သူ ချန်းကျိကျွမ်းသည် အဝေးပြေးလမ်းမ၌ ထိန်းသိမ်းခံထားရကာ တရားရုံးသို့ ဝင်ခွင့် တားမြစ်ခံရကြောင်း RFA က ဖော်ပြခဲ့သည်။

ရုံးတင်စစ်ဆေးမှုသည် မိနစ် ၉၀ ခန့်ကြာမြင့်ခဲ့ပြီး ပြစ်ဒဏ်ကို နောက်ရုံးချိန်တွင် ချမှတ်မည်ဖြစ်ကြောင်း ချန်းက တွစ်တာ၌ ရေးသားခဲ့သည်။

သူမသည် အဝေးပြေးလမ်းမတွင် ၁၀ နာရီကြာမျှ ရပ်နေခဲ့ရကာ ရုံးတင်စစ်ဆေးမှု ပြီးဆုံးသွားပြီဖြစ်ကြောင်း ရှေ့နေ့များက နောက်ပိုင်းတွင် အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

ချန်းက သူမသည် တောင်ပိုင်းကွမ်တုန်းပြည်နယ်မှ ဒေါင်ဂွမ်းမြို့မှ လာသည့်အတွက် ဖန်ကောင်တီတရားရုံးသို့ ဝင်ရောက်မရကြောင်းနှင့် ထိုပြည်နယ်သည် ကိုဗစ်-၁၉ ကူးစက်မှု အလယ်အလတ်မှ အပြင်းထန်ဆုံး ဒေသများ တွင် ပါဝင်သည်ဟု အာဏာပိုင်များက ပြောသည်ဟု ဆိုသည်။

“ လူနာတင်ကားတစ်စီးရောက်လာပြီး ကျွန်မကို သီးသန့်ခွဲထားတဲ့စခန်းဆီ ခေါ်သွားခဲ့ပါတယ်။ သူတို့က ကိုဗစ်-၁၉ ကို အကြောင်းပြခဲ့ကြတာပါ'' ဟု ချန်းက ပြောသည်။

ထိန်းသိမ်းခံထားရသူ၏ ရှေ့နေ တင်ကျားရှီ၏ ဇနီး လျူရှန်းချန်းက “ချန်းမိသားစုအပေါ် အာဏာပိုင်များ၏ ပြုမူဆက်ဆံပုံကို ပြစ်တင်ရှုတ်ချခဲ့သည်။

“ညဘက်ကြီးထိန်သိမ်းခံခဲ့ရတဲ့ ချန်းကျိကျန်း၊ သူ့အမေနဲ့ ကလေးဟာ တကယ့်ကို အခက်အခဲဖြစ်ခဲ့ပါတယ်။ သူတို့တွေ စားစရာတောင် ပါရဲ့လားမသိဘူး” ဟု သူမက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly