ဂွါဒါဆိပ်ကမ်းနှင့် ဂဲလ်ဂစ်-ဘယ်လ်တစ်စတန်ဒေသတို့ကို ထိန်းချုပ်ရန် စီးပွားရေးစင်္ကြံ ကို တရုတ်က အသုံးချနေ

ဂွါဒါဆိပ်ကမ်းနှင့် ဂဲလ်ဂစ်-ဘယ်လ်တစ်စတန်ဒေသတို့ကို ထိန်းချုပ်ရန် စီးပွားရေးစင်္ကြံ ကို တရုတ်က အသုံးချနေ

ဂွါဒါဆိပ်ကမ်းနှင့် ဂဲလ်ဂစ်-ဘယ်လ်တစ်စတန်ဒေသတို့ကို ထိန်းချုပ်ရန် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ကို တရုတ်က အသုံးချနေသည်။

စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ခေါင်းစဉ်ဖြင့် ပါကစ္စတန်သို့ ယူရိုဘီလီယံဆယ်နှင့်ချီသော ငွေကြေးများ ဝင်ရောက်လာစေရန် တရုတ်ကCPEC ကို အသုံးပြုနေကြောင်း Global Watch Analysis တွင် ရိုလန်ဂျက်ကွာက ရေးသား ခဲ့သည်။

အာရေဗျပင်လယ်တွင် တည်ရှိသော ဂွါဒါဆိပ်ကမ်းသည် အနောက်အာရှကို ဖြတ်သန်းသွားသော ပင်လယ်ရေ ကြောင်းသွားလာမှုကို ထိန်းချုပ်ရန် ရေတပ်အခြေစိုက်စခန်းကို အသုံးပြုနိုင်သဖြင့် တရုတ်က ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်စီးပွားရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

တရုတ်၏ ရှင်ကျန်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဂဲလ်ဂစ်-ဘယ်လ်တစ်စတန်ဒေသ(ပါကစ္စတန် သိမ်းပိုက်ထားသော Kashmir PoK) ကို ထိန်းချုပ်နိုင်ရေးသည် တရုတ်အတွက် အရေးကြီးပါသည်။

ဂွါဒါသည် တရုတ်၏ ပြင်ပလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက် အရေးကြီးပါက ဂဲလ်ဂစ်-ဘယ်လ် တစ်စတန်သည် ပြည်တွင်းလုံခြုံရေးအတွက် အရေးကြီးသည်ဟု ဂျက်ကွာက ရေးသားခဲ့သည်။

၂၀၁၀ပြည့်နှစ်မှစ၍ ဂဲလ်ဂစ်-ဘယ်လ်တစ်စတန်ဒေသတွင် တရုတ်တည်ရှိမှု များပြားလာသည့် အစီရင်ခံစာများ ထွက်ပေါ်လာခဲ့သည်။

မြေအောက်ဥမင်လိုဏ်ခေါင်း နှစ်ဒါဇင်နီးပါး အပါအဝင် လမ်းပန်းဆက်သွယ်ရေးများ လုံခြုံစေရန်၊ အခြေခံ အဆောက်အအုံစီမံကိန်းများ တည်ဆောက်ရန် ၂၀၁၀ ပြည့်နှစ်တွင် တရုတ်စစ်သား အများအပြားသည် ဒေသတွင်းတွင် ရှိနေခဲ့သည်ဟု ယုံကြည်ရသည်။

CPEC ကြေညာချက်အပြီး ၃ နှစ်အကြာတွင် ဒေသတွင်း၌ တရုတ်က နေရာဝင်ယူမှုများပြားလာခဲ့သည်။

ပါကစ္စတန်တွင် တရုတ်နိုင်ငံသားများအား တိုက်ခိုက်မှုများ အများအပြား ဖြစ်ပွားခဲ့ပြီးနောက် ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့် နိုင်ငံသားများကို ကာကွယ်ရန် တရုတ်လုံခြုံရေးဝန်ထမ်းများထားရှိရေးကို တရုတ်က တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required