ထိုင်ဝမ်စစ်တပ်က ၅ ရက်ကြာ စစ်ရေးလေ့ကျင့်မှုပြုလုပ်

ထိုင်ဝမ်စစ်တပ်က ၅ ရက်ကြာ စစ်ရေးလေ့ကျင့်မှုပြုလုပ်

တရုတ်နှင့် ထိုင်ဝမ်၏ မဟာမိတ်များအကြား အနီးတစ်ဝိုက် လေပိုင်နက်နှင့် ပင်လယ်ပြင်တို့၌ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်နေချိန်တွင် ထိုင်ဝမ်စစ်တပ်က ကာကွယ်ရေးစွမ်းရည်နှင့် တိုက်ခိုက်ရေး စွမ်းရည်များ အားကောင်းလာစေရန် ဇူလိုင် ၂၅ရက်တွင် နှစ်စဉ်ပြုလုပ်သည့် ၅ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့သည်။

ထိုင်ဝမ်အရှေ့မြောက်ပိုင်းရှိ ယိလန်းကောင်တီကမ်းလွန်တွင် ဇူလိုင် ၂၆ရက်က ပြုလုပ်သည့် အကြီးစား ရေတပ်လေ့ကျင့်မှုကို သမ္မတ စိုင်အမ်ဝမ်က စစ်သင်္ဘောပေါ်မှ ကြည့်ရှုခဲ့ပြီး ဟန်ခွန်စစ်ရေးလေ့ကျင့်မှုများ ကိုလည်း နေရာအနှံ့အပြားတွင် ပြုလုပ်ခဲ့ကြောင်း ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြား ခဲ့သည်။

ယိလန်ဟု အမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှုအတွင်း ထိုင်ဝမ်ပြည်တွင်းထုတ် တိုက်လေယာဉ်များနှင့် ဖရီးဂိတ်စစ်သင်္ဘောများအပါအဝင် စစ်လေယာဉ်များနှင့် စစ်သင်္ဘော အစင်း ၂၀ ကျော် ပါဝင်သည်။

ထိုင်ဝမ်အတွက် နယ်သာလန်တွင် ထုတ်လုပ်သည့် Chien Lung အတန်းအစား ရေငုပ်သင်္ဘော ၂ စင်းကိုလည်း တပ်ဖြန့်ချထားမည်ဖြစ်သည်။

ထိုင်ဝမ်ပြည်တွင်းထုတ် ရေငုပ်သင်္ဘောကို ၂၀၂၅ခုနှစ်တွင် စတင် အသုံးပြုရန် ရည်မှန်းထားပြီး ထုတ်လုပ်နေခြင်းဖြစ်သည်။

စစ်ရေးလေ့ကျင့်မှု ပထမနေ့တွင် လေပိုင်နက်ကို ပြည်တွင်းလေကြောင်းရန်ကာကွယ်ရေးအမြောက်တပ်က စောင့်ကြည့်နေချိန်တွင် ရန်သူ၏လေကြောင်းတိုက်ခိုက်မှုကို တန်ပြန်ရန် ထိုင်ဝမ်တိုက်လေယာဉ်များကို စေလွှတ်ခဲ့သည်။

“စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည်ကို ထိန်းထားရန်နှင့် ပြုပြင်ထိန်းသိမ်းရေးစမ်းသပ်မှု” ကို အဓိက ထား လုပ်ဆောင် ခဲ့ပြီး စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်များသည် တိုက်ခိုက်ရေး ဂျက်လေယာဉ်အပို ပစ္စည်းများ ကို စစ်ဖြစ်ပွားသည့်နေရာမှ ဝေးရာသို့ ရွှေ့ပြောင်းလေ့ကျင့်မှုပြုလုပ်ခဲ့သည်။

ယခုနှစ် စစ်ရေးလေ့ကျင့်မှုတွင် လူထု၏ ကြိုတင်ပြင်ဆင်မှုနှင့် ပံ့ပိုးကူညီမှုများကို စမ်းသပ်မည်ဖြစ်ကြောင်း စစ်တပ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly