တရုတ်ဒုံးပျံအပိုင်းအစများ ပုသိမ်သို့ ပြုတ်ကျမည်ဟု NASA က ထုတ်ပြန်ထားခြင်းမရှိပါ

တရုတ်ဒုံးပျံအပိုင်းအစများ ပုသိမ်သို့ ပြုတ်ကျမည်ဟု NASA က ထုတ်ပြန်ထားခြင်းမရှိပါ

ဇူလိုင် ၂၉

တရုတ်နိုင်ငံပိုင် Long March 5B ဒုံးပျံ၏အပိုင်းအစများ ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ဧရိယာအတွင်း ပြုတ်ကျ မည်ဟုဆိုသည့် အဆိုပြုချက်များ ယနေ့ (ဇူလိုင်လ ၂၉ ရက်) တွင် လူမှုကွန်ရက်အသုံးပြုသူများအကြား ပျံ့နှံ့မှုရှိနေသည်။ သို့သော် ယင်းအဆိုပြုချက်မှာ မှားယွင်းနေပါသည်။

“Tae Lay” အမည်ရှိ ဖေ့ဘုတ်ခ်အကောင့်မှ ပျက်ကျလာမည့် တရုတ်နိုင်ငံပိုင်ဂြိုလ်တုသည် မြန်မာနိုင်ငံ ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်မြို့ဧရိယာအတွင်းသို့ လာမည့်တနင်္ဂနွေနေ့တွင်ပြုတ်ကျနိုင်ကြောင်း NASA အဖွဲ့မှထုတ်ပြန်ဟူသောစာသားများနှင့် အစောဆုံးဖြန့်ဝေခဲ့သည်။ ထိုပို့စ့်ကို ပြန်လည်မျှဝေသူ ၁,၀၀၀ နီးပါးရှိခဲ့ပြီးနောက် ပြန်လည်ဖြုတ်ချခဲ့သည်။ သို့သော် ထိုရေးသားမှုကို ပြန်လည်ကူးယူပြီးဖြန့်ဝေမှုများ စွာရှိနေဆဲပင်ဖြစ်သည်။

သတင်းမှားဖြန့်‌ဝေနေသည့် လင့်များကို အောက်တွင်ကြည့်နိုင်သည်။

https://bit.ly/3oFkShW , https://bit.ly/3BupHSH

မြန်မာစံတော်ချိန်အနေဖြင့် လာမည့် ဇူလိုင် ၃၁ ရက်နှင့် ဩဂုတ်လ ၁ ရက်နေ့အကြားတွင် အလေးချိန် ၂၃ တန်လေးသော Long March 5B ဒုံးပျံ၏ အထိန်းအကွပ်မဲ့တွန်းကန်ဒုံးပျံသည် ကမ္ဘာ့လေထုထဲသို့ ပြန်လည်ဝင်ရောက်လာမည်ဖြစ်သော်လည်း NASA အဖွဲ့က အဆိုပါဒုံးပျံနှင့်ပတ်သက်၍ လတ်တလော ထုတ်ပြန်ထားချက်မရှိပါ။

အမေရိကန်အာကာသအေဂျင်စီ(NASA) ၏ ဝက်ဘ်ဆိုက်တွင် Long March 5B နှင့်ပတ်သက်ပြီး ထုတ်ပြန် ချက်ကို ၂၀၂၁ ခုနှစ် မေလ ၉ ရက်နေ့က နောက်ဆုံးထုတ်ပြန်ထားသည်ကိုသာ တွေ့ရသည်။

အမေရိကန်အခြေစိုက် Aerospace ကော်ပိုရေးရှင်းက ဒုံးပျံလမ်းကြောင်းနှင့် သယ်ယူဝန်အလေးချိန်ကို တွက်ဆပြီးပြောကြားရာတွင် ကမ္ဘာ့လေထုကိုပြန်ဝင်ရောက်ခြင်းနှင့် မြေပြင်ရောက်ရှိချိန်တွင် အလေးချိန် လေးတန်မှသည် ကိုးတန်ကြားအထိရှိနိုင်သေးပြီး သီအိုရီအရ အီကွေတာ၏မြောက်ဘက်နှင့်တောင်ဘက် ၄၂ ဒီဂရီအကြား မည်သည့်နေရာတွင်မဆို ကျရောက်မှုဖြစ်နိုင်ပါသည်။ လက်ရှိအချိန်အားဖြင့် အရှေ့အလယ်ပိုင်းတစ်နေရာကိုကျမည်ဟု ခန့်မှန်းထားသည်။

သို့သော်လည်းပျက်ကျမည့်နေရာနှင့်ပတ်သက်၍ လေထုထဲပြန်လည်ဝင်ရောက်လာမှု နီးသထက် နီးလာ သည်နှင့်အမျှ လမ်းကြောင်းခန့်မှန်းမှုကို ပြန်လည်မွမ်းမံနေမည်ဖြစ်သည်ဟု Aerospace ကော်ပိုရေးရှင်း က ထုတ်ပြန်ထားသည်။ကျရောက်နိုင်ခြေရှိသောနေရာကို ယခုလင့်ခ်တွင်ပါရှိသောမြေပုံတွင် ပြသထား သည်။

https://bit.ly/3Q6lRTI

ပျက်ကျလာမည့် ဒုံးပျံ၏အစိတ်အပိုင်းများ မည်သည့်နေရာသို့ ကျမည်ဆိုသည်ကို အချိန်နှင့်တပြေးညီ သိနိုင်ရန် အာကာသသတင်းများနှင့်ပတ်သက်ပြီးတင်ဆက်နေသော AEROSPACE ၏ ဝက်ဘ်ဆိုက်ကို အောက်ပါလင့်‌တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

https://bit.ly/3Brks6q

CNN သတင်းဌာန၏ သတင်းပေးပို့မှုတွင် Long March 5B အမည်ရှိဒုံးပျံသည် ထိန်းချုပ်မရဘဲ ကမ္ဘာ့ လေထုအတွင်းသို့ဝင်ရောက်လာမည်ဖြစ်သော်လည်း မည်သည့်နေရာတွင်ကျရောက်မည်ကို ရှင်းရှင်းလင်း လင်းမသိရသေးကြောင်းပါရှိသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required