NUG အစိုးရက စစ်ကောင်စီဝင်များ၏ သားသမီးများနှင့် စာသင်ကျောင်းများကို တိုက်ခိုက်ရန် လှုံ့ဆော်ထားခြင်းမရှိပါ

NUG အစိုးရက စစ်ကောင်စီဝင်များ၏ သားသမီးများနှင့် စာသင်ကျောင်းများကို တိုက်ခိုက်ရန် လှုံ့ဆော်ထားခြင်းမရှိပါ

ဇူလိုင် ၂၉

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်ကောင်စီမိသားစုဝင်များ၊ သားသမီးများနှင့် စာသင်ကျောင်းများကို တိုက်ခိုက်ရန်လှုံ့ဆော်သည့် ပြည်သူ့တော်လှန်ရေးအင်အားစုများအတွက်လမ်း ညွှန်ချက်ဆိုသည့် ထုတ်ပြန်ချက်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ သို့သော ၄င်းအဆိုပြုချက်မှာ မှားယင်းနေပါသည်။  အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးနိုင်ထူးအောင်က ကြေညာချက်အတုဖြစ်ကြောင်း မဇ္ဈိမသို့ ဖြေကြားထားသည်။

အဆိုပါသတင်းကို ဇူလိုင်လ ၂၈ ရက်နေ့တွင် တယ်လီဂရမ်ရှိ “Link” ချန်နယ်မှစတင်ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး “ အနူဂျီ ဝံချီး ငမူးရည်မွန် ထုတ်ပြန်တဲ့ လမ်းညွှန်ချက်အပေါ် PDF တစ်ယောက်ရဲ့ သဘောထားကိုဖတ် ကြည့်လိုက်တော့ သူပြောထားတာတွေက အကျိုးအကြောင်း ဆီလျော်နေတာတွေ့ရတယ်.....ဒါကြောင့် တချို PDF တွေက အနူဂျီကကောင်တွေထက် အသိဉာဏ်ပိုရှိသေးတယ်လို ပြောရမယ်....အခုဆို အနူဂျီက ကောင်တွေရဲ့ လုပ်ရပ်နဲ့စိတ်ဓာတ်တွေကို PDF တွေကတောင် ရွံရှာမုန်းတီးလာကြပြီ.....ပြောရမယ်ဆို ရည်မွန်တို့က သူတိုကိုယ်တိုင်မှမလုပ်ရတာ အဲဒီတော့ အလှူခံစားကောင်းအောင် လျှောက်ပြီးစာတွေ ထုတ်ပြန်နေတာ......တော်လှန်ရေးကို အကြောင်းပြပြီး ကလေးသူငယ်တွေနဲ့ စာသင်ကျောင်းတွေကိုပါ ခြိမ်းခြောက်နေတယ်ဆိုကတည်းက ဘယ်လောက်တောင် ယုတ်မာလိုက်သလဲဆိုတာ စဉ်းစားသာကြည့် ကြတော့....#Shweba”(မူရင်းသတ်ပုံအတိုင်း)ဟုရေးသားဖော်ပြထားပြီး PDF တစ်ဦး၏ post screenshot ဟူသော ပုံနှင့် ထုတ်ပြန်ချက်ကို  ဖြန့်ဝေထားသည်။

ထုတ်ပြန်ချက်တွင် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေးအကျဉ်းသားလေးဦးကို သေဒဏ်ပေး ကွပ်မျက်ခြင်းအပေါ် လက်တုံ့ပြန်မှုများပြုလုပ်သွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကိုအားပေး ထောက်ခံနေသော ဒေါက်တိုင်များ၏ မိသားစုဝင်များ၊ သားသမီးများ၊ ဆွေမျိုးသားချင်းများအား နည်း လမ်းပေါင်းစုံဖြင့် တိုက်ခိုက်မှုများပြုလုပ်သွားရန် တိုက်တွန်းထားသည်။

ဖော်ပြထားသည့် သတင်းမှား link ကို အောက်တွင်ကြည့်နိုင်သည်။ https://bit.ly/3PZvB27 , https://archive.ph/L1cN1

အဆိုပါသတင်းမှား၏ စာနှင့်ပုံကို တစ်ပုံစံထဲကူးယူကာ ချန်နယ်များတွင် ဖြန့်ဝေနေခြင်းဖြစ်ပြီး Link ဆို သည့် ချန်နယ်ကအစောဆုံးဖြန့်ခြင်းဖြစ်ပြီး သတင်းအမှားထဲတွင်ပါဝင်သည့် ရေးသားသူအမည်ဖြစ်သော ရွှေဘချန်နယ်က ဒုတိယနေရာမှ နောက်ကျပြီး ဖော်ပြခြင်းဖြစ်သည်။

ထိုအကြောင်းကို စစ်ကောင်စီ၏ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များနှင့် ဖေ့ဘုတ်တွင်  များစွာပျံ့နှံ့နေပြီး တယ်လီဂရမ်တွင် ကြည့်ရှုသူ viewers ၈၈,၀၀၀ ကျော်အထိရှိသည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်နှင့်ဆက်သွယ်မေးမြန်းခဲ့ သည်။

သတင်းမှားတွင် ဖော်ပြထားသည့် ဇူလိုင်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မေးမြန်းရာတွင် “ဇူလိုင်လ ၂၇ ရက်နေ့ ရက်စွဲနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့တာမျိုး မရှိ ပါဘူးခင်ဗျ၊ အဲ့ဒီကြေညာချက်က အတုဖြစ်ပါတယ်ခင်ဗျ ကျွန်တော်တို့ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိပါဘူး ” ဟု ပြောသည်။

အဆိုပါထုတ်ပြန်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ Facebook စာမျက် နှာနှင့် website တို့တွင်လည်း ဖော်ပြထားခြင်းမရှိပေ။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ website လိပ်စာကို အောက်ပါလင့်တွင်ဝင် ရောက်ကြည့်ရှုနိုင်သည်။ https://bit.ly/3Bnz0DX

အဆိုပါ ထုတ်ပြန်ချက်အတုသည် ဦးဂျင်မီနှင့်ဦးဖြိုးဇေယျာသော် အပါအဝင်လေးဦး သေဒဏ်ပေးကွပ် မျက်ခံရပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရကို ပုံဖျက်တိုက်ခိုက်ပြီး တော်လှန်ရေးအင်အားစုများနှင့် အထင်အမြင်လွဲအောင် ရေးသားထားခြင်းဖြစ်သည်။ ဖြစ်ရပ်မှန်ပေါ် အခြေခံပြီး လုပ်ကြံဖန်တီးထားသည့် ထုတ်ပြန်ချက်အတုသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required