တရုတ်နှင့် ဆက်ဆံရေးတင်းမာလာသည့် လစ်သူယေးနီးယားက ထိုင်ဝမ်တွင် ကုန်သွယ်ရေးရုံး ဖွင့်မည်

တရုတ်နှင့် ဆက်ဆံရေးတင်းမာလာသည့် လစ်သူယေးနီးယားက ထိုင်ဝမ်တွင် ကုန်သွယ်ရေးရုံး ဖွင့်မည်

တရုတ်နှင့် ဆက်ဆံရေးပိုမိုတင်းမာလာချိန်တွင် ထိုင်ဝမ်၌ ကုန်သွယ်ရေးရုံးကို စက်တင်ဘာလ၌ ဖွင့်လှစ်ရန် လစ်သူယေးနီးယားက စီစဉ်နေသည်ဟု စီးပွားရေးနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဒုတိယဝန်ကြီး ဂျိုဗီတာ၏ ပြောကြားချက်ကို ကိုးကား၍ မီဒီယာများက ဇူလိုင် ၂၂ရက်တွင် ဖော်ပြခဲ့သည်။

ကုန်သွယ်ရေးရုံးသည် ရှင်းရိခရိုင်ရှိ တိုင်ပေ ၁၀၁ အနီးရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တွင်ဖြစ်နိုင်သည်ဟု သတင်းများက ဆိုသည်။

ဥပဒေပြုလွှတ်တော်ဥက္ကဋ္ဌ ယိုစီခန်က လစ်သူယေးနီးယားလွှတ်တော်ဥက္ကဋ္ဌ နယ်ဆင်ကို စက်တင်ဘာလ သို့မ ဟုတ် အောက်တိုဘာလတွင် ထိုင်ဝမ်သို့ လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း Taipie Times က ဖော်ပြ ခဲ့သည်။

ယင်းသို့ လုပ်ဆောင်ခြင်းသည် တရုတ်တစ်နိုင်ငံ မူဝါဒကို ချိုးဖောက်ခြင်းဖြစ်ကြောင်း တရုတ်က လစ်သူယေးနီးယားကို ဇူလိုင် ၂၂ရက်က ကန့်ကွက်ခဲ့သည်။

“တရုတ်က ပြင်းပြင်းထန်ထန်နှင့် ပြတ်ပြတ်သားသား ကန့်ကွက်သည်” ဟု လစ်သူယေး နီးယားဆိုင်ရာ တရုတ်တာဝန်ခံရုံးမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်ဝမ်က လစ်သူယေးနီးယားနိုင်ငံ၊ ဗီးနပ်စ်မြို့တွင် တရားဝင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ပြီးနောက် တရုတ်နှင့် လစ်သူယေးနီးယားကြား ဆက်ဆံရေးမှာ ယိုယွင်းလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly