ဆားလင်းကြီးမြို့နယ် ရေမိန်တောင်ကျေးရွာက ပြည်သူ ၅ဦး ပစ်ခတ်ခံရ၍ သေဆုံး

By လွှမ်းမိုး
28 July 2022
ဆားလင်းကြီးမြို့နယ် ရေမိန်တောင်ကျေးရွာက ပြည်သူ ၅ဦး ပစ်ခတ်ခံရ၍ သေဆုံး

ဇူလိုင် ၂၈

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ ရေမိန်တောင်ကျေးရွာတွင် ဇူလိုင်လ ၂၅ ရက်ညနေပိုင်းအချိန်က စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်ခြင်းခံရ၍ ပြည်သူ ငါးဦးသေဆုံးသွားကြောင်း ဒေသခံထံမှ သိရသည်။

"စစ်ကောင်စီတပ်ရဲ့ ခန့်မှန်းအင်အား ၁၅၀လောက်က သေနတ်တွေဖောက်ပြီး ရွာထဲကို ဝင်လာတယ် ၊ တချို့က ပြေးချိန်မရလိုက်ဘူး ၊၊ စစ်ကောင်စီတပ်က အိမ်တွေကို ရစရာ မရှိအောင် မွှေနှောက်ပြီး အိမ်မွေးတိရစ္ဆာန် တွေကိုပါ သတ်ဖြတ်သွားတယ် ၊အခု သတ်ခံရတဲ့သူတွေကတော့ ဦးချစ်ရွှေ ၊ ကိုအောင်မိုး ၊ ကိုအောင်ခိုင် နှင့် ကျန်တဲ့သူ နှစ်ဦးကတော့ အမည် မသိရသေးဘူး ဟု " ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်၏ နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးလာခြင်းကြောင့် ဆားလင်းကြီး တောင်ဘက်ခြမ်း ရှိကျေးရွာများမှ ဒေသခံပြည်သူ ထောင်နှင့်ချီ၍ စစ်ရှောင်နေရကြောင်း သိရသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ဆားလင်းကြီးမြို့

#စစ်ကောင်စီတပ်ဖွဲ့

#နယ်မြေရှင်းလင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required