အင်ဂိုလာနိုင်ငံ၏ လုပ်ဆောင်ပုံကို တရုတ်ကြွေးမြီထောင်ချောက်နည်းဗျူဟာ၏ အစောပိုင်းနမူနာအဖြစ် ရှုမြင်နိုင်

အင်ဂိုလာနိုင်ငံ၏ လုပ်ဆောင်ပုံကို တရုတ်ကြွေးမြီထောင်ချောက်နည်းဗျူဟာ၏ အစောပိုင်းနမူနာအဖြစ် ရှုမြင်နိုင်

တရုတ်၏ ကိုယ်ကျိုးစီးပွားအတွက်သာဖြစ်သော မဟာဗျူဟာကြောင့် ၂၀ဝ၀ပြည့်နှစ်များအစောပိုင်းတွင် တောင်အာဖရိကဒေသမှ အင်ဂိုလာနိုင်ငံသည် တရုတ်နှင့် ဆက်ဆံရေးကို နောက်ဆုတ်လိုက်သည်။

တရုတ်နှင့် အင်ဂိုလာနိုင်ငံတို့အကြား ကောင်းမွန်သည့် ဆက်ဆံရေးပြီးဆုံးသွားကာ အင်ဂိုလာ၏ လုပ်ရပ်သည် ကျန်အာဖရိကနိုင်ငံများအတွက် သင်ခန်းစာ ယူနိုင်သည့် တရုတ်ကြွေးမြီထောင်ချောက် နည်းပရိယာယ်၏ အစောပိုင်း နမူနာအဖြစ် ရှုမြင်နိုင်ကြောင်း ဗယ်လာရီရိုဖက်ဘရီက Geopolitica.info တွင် ရေးသားခဲ့သည်။

“အင်ဂိုလာ မော်ဒယ်” ဟုခေါ်တွင်သော လမ်းများ၊ ရေအားလျှပ်စစ် ဆည်များနှင့် မီးရထားလမ်းများအပြင် အခြားသော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းအတွက် တရုတ်ချေးငွေကို ရယူရန် ရေနံ ကျောထောက်နောက်ခံပြု ချေးငွေဖြင့် ပံ့ပိုးထားခဲ့သည်။

ကမ္ဘာ့ရေနံဈေး ကျဆင်းသဖြင့် အင်ဂိုလာစီးပွားရေးကျဆင်းခဲ့သည့် ၂၀၁၇ခုနှစ်နောက်ပိုင်း တရုတ်အစိုးရ၏ မဟာဗျူဟာ ချဉ်းကပ်ပုံမှာ သိသိသာသာပြောင်းလဲခဲ့သည်။

ကမ္ဘာ့ရေနံဈေးသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၁၅ မှ ဒေါ်လာ ၅၀ အောက်သို့ ကျဆင်းသွားသောအခါ အင်ဂိုလာစီးပွားရေးပြိုလဲသွားကာ ၂၀၁၆ခုနှစ်တွင် စီးပွားရေးကပ်ဆိုက်ခဲ့ပြီး ၅ နှစ်ဆက်တိုက် စီးပွားရေး ကျုံ့သွားခဲ့ကြောင်း ဖက်ဘရီက Geopolitica.info တွင် ရေးသားခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါသည် ပြဿနာကို ပိုမိုဆိုးရွားလာစေသဖြင့် အင်ဂိုလာသည် ဒေဝါလီမခံရရန် အချိန်မီ စီမံနိုင်ခဲ့သည်။

၂၀ဝ၀ပြည့်နှစ်မှ ၂၀၂၀ပြည့်နှစ်အတွင်း အာဖရိကနိုင်ငံများသို့ ချေးသည့် တရုတ်ချေးငွေစုစုပေါင်း၏ လေးပုံ တစ်ပုံကျော်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၆ ဘီလီယံကို အန်ဂိုလာသည် ၂၀ဝ၀ပြည့်နှစ်များ အစောပိုင်း တွင် လက်ခံရရှိခဲ့ပြီး အာဖရိကနိုင်ငံအားလုံးတွင် တရုတ်ချေးငွေအများဆုံး ရရှိသူဖြစ်လာခဲ့သည်။

အန်ဂိုလာပြည်တွင်းစစ် ၂၀ဝ၂ခုနှစ်တွင် ပြီးဆုံးသွားသောအခါ တရုတ်က အစိုးရပိုင်နှင့် ပုဂ္ဂလိကကုမ္ပဏီများကို အင်ဂိုလာတွင် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းခဲ့ကြောင်း Geopolitica.info က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly