ဦးဂျင်မီကို အကြောင်းပြု၍ အလှူခံခြင်းအား လုံးဝလက်မခံကြောင်း ဇနီးဖြစ်သူပြောကြား

ဦးဂျင်မီကို အကြောင်းပြု၍ အလှူခံခြင်းအား လုံးဝလက်မခံကြောင်း ဇနီးဖြစ်သူပြောကြား

ဇူလိုင်လ ၂၇ ရက်

အင်းစိန်အကျဉ်းထောင်အတွင်း သေဒဏ်စီရင်ချက်ချမှတ်ခံခဲ့ရသော ဒီမိုကရေစီအရေးလှုပ်ရှားသူ ဦးကျော်မင်းယု(ခ)ဦးဂျင်မီအားအကြောင်းပြု၍ အလှူခံခြင်းမျိုး လုံးဝလက်မခံကြောင်း ဇနီးဖြစ်သူ ဒေါ်နီလာသိန်းက ယနေ့ ဇူလိုင် ၂၇ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ အသိထားသည်။

ဦးဂျင်မီကိစ္စအားအကြောင်းပြု၍ အလှူခံခြင်း၊ နာရေးအခမ်းအနားကို မည်သည့်နိုင်ငံတွင်ပြုလုပ်စေကာ မူ သူမနှင့် မသက်ဆိုင်ကြောင်း ထပ်မံသတိပေးသည်။

“ ကိုဂျင်မီကို အကြောင်းပြုပြီး အလှူခံတာမျိုးတွေရှိနေတယ်လို့ ကြားသိနေရတယ်။ ကျမအတွက် ကူငွေ မလိုဘူး။ လုံး၀ လုံး၀ လက်မခံပါ။ တော်လှန်ရေးအတွက်ဘဲကူပါ။ လှူပါ။ ပြိုင်တူတွန်းကြပါ ရုန်းကြပါ ”ဟု ဒေါ်နီလာသိန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ဦးဂျင်မီ၏ ရုပ်အလောင်းပြန်မရမချင်း ဆွမ်းမသွပ်၊ အမျှမဝေ၊ နာရေးမပြုလုပ်ဟု ပြီးခဲ့သော ဇူလိုင် ၂၅ ရက်ကပင် ဒေါ်နီလာသိန်းက အသိပေးထားပြီးလည်း ဖြစ်သည်။

လက်ရှိတွင် ဦးဂျင်မီ၏ရုပ်အလောင်းပြန်ရရှိရန် နိုင်ငံတကာအသိုင်းအဝိုင်းရှိ သံတမန်အချို့ကို တိုက်တွန်း ထားကြောင်း၊ ပြစ်ဒဏ် အမှန်တကယ်စီရင်သည်ဆိုပါကလည်း သက်ဆိုင်သည့်မှတ်တမ်း(သို့မဟုတ်) ရုပ် အလောင်း ပြန်လည်ရသင့်ကြောင်း BBC နှင့် အင်တာဗျူးတစ်ခုတွင် ဖြေကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly