ဒီကနေ့ မွန်းလွဲ ၂ နာရီသတင်းတွေမှာတော့ ထိုက်တန်တဲ့လက်တုံ့ပြန်မှုကို ပိုမိုအားစိုက်ပြီး တုံ့ပြန်သွားမယ်လို့ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ ကထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီက သေဒဏ်စီရင်တာကို အာဆီယံ ဥက္ကဋ္ဌနဲ့ အာရှဆိုင်ရာ ယူကေဝန်ကြီးတို့က ရှုတ်ချလိုက်ပြီး သူရဲဘောကြောင်တဲ့လုပ်ရပ်လို့ ဝေဖန်လိုက်တဲ့သတင်းတွေအပါအဝင်
မတူပီမြို့နယ် လေမျိုတံတားနားမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့တဲ့သတင်းတွေကို တင်ဆက်ပေးဖို့ရှိနေပါတယ်။
#2PMNews
#MizzimaDailyNews
#MizzimaTV