စစ်ကောင်စီ၏ အချိန်ကိုက် သေဒဏ်စီရင်ခြင်းက “အလွန် ပြစ်တင်ရှုတ်ချထိုက်’ဟု အာဆီယံ ဥက္ကဋ္ဌ ပြော

စစ်ကောင်စီ၏ အချိန်ကိုက် သေဒဏ်စီရင်ခြင်းက “အလွန် ပြစ်တင်ရှုတ်ချထိုက်’ဟု အာဆီယံ ဥက္ကဋ္ဌ ပြော

ဇူလိုင် ၂၆

တက်ကြွလှုပ်ရှားသူ လေးဦးအား မြန်မာစစ်ကောင်စီ၏ အချိန်ကိုက် သေဒဏ်စီရင်ခြင်းသည် “အလွန်တရာ ပြစ်တင်ရှုတ်ချထိုက်သည်” ဟု အာဆီယံ ဥက္ကဋ္ဌ ကမ္ဘောဒီးယားက ပြောဆိုသည်။  

မြန်မာနိုင်ငံတွင်း၌ အာဆီယံ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ထောက်ခံသည့် သဘောထား ကင်းမဲ့ကြောင်းကိုလည်း ထပ်ဟပ်ပြသနေသည်ဟု ယင်းက ဆိုသည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့အား သေဒဏ်စီရင်ခဲ့ခြင်းနှင့်ပတ်သက်၍ ယခုနှစ်၏ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဥက္ကဋ္ဌဖြစ်သော ကမ္ဘောဒီးယားက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ သေဒဏ်စီရင်ခြင်းကြောင့် အလွန်အမင်း ဝမ်းနည်းရသကဲ့သို့ အတော်လေး စိတ်သောကဖြစ်ရသည်ဟု ဇူလို်င ၂၅ ရက် ရက်စွဲဖြင့် အင်္ဂါနေ့က ထုတ်ပြန်ချက်တွင်ပါရှိသည်။

အာဆီယံ ဝန်ကြီးများ အစည်းအဝေးတစ်ရပ် အကြို သီတင်းတစ်ပတ်သာ လိုချိန်၌ ယခု သေဒဏ်ပေးကွပ်မျက်မှုသည် အနှောင့်အယှက် ဆုတ်ဆိုင်းမှုတစ်ရပ်ပဲ ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly