မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်းသေဆုံး

မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်းသေဆုံး

ဇူလိုင် ၂၆

ဇူလိုင်လ ၂၅ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကား ၂၁ စီး၊ အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသဖြင့် ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်းသေဆုံးကာ ကရင်နီပူးပေါင်း တပ်ဖွဲ့မှ တစ်ဦး အသေးစား ဒဏ်ရာရရှိခဲ့သည်ဟု မိုးဗြဲ PDF ကထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က မွန်းလွဲ ၁ နာရီဝန်းကျင်တွင် မိုးဗြဲမြို့ထဲသို့ စတင်စစ်ကြောင်းထိုးလာခဲ့ပြီး ညနေ ၅ နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ထိတွေ့တိုက်ပွဲစတင်ခဲ့ပြီး မိုးဗြဲပြည်သူ့ကာကွယ် ရေးတပ် BO-1 နှင့် BO-2၊ Loikaw PDF နှင့် URF အဖွဲ့တို့ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်မှုကြောင့် ပွဲကုန်း(၃)ရပ်ကွက်မှ အရပ်သား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်‌ဒဏ်ရာရရှိခဲ့ပြီး အမျိုး သမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်မှ အင်အားသုံး စစ်ကြောင်းထိုးနေခြင်းနှင့်ပတ်သက်ပြီး “လွန်စွာမှ ရက်စက် ယုတ်မာလှသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်များမှ ရွပ်ရွပ်ချွံချွံ ခုခံတော်လှန်သွားပါမည်” ဟု မိုးဗြဲ PDF က ထုတ်ပြန်ထားသည်။

#Mizzima

#မိုးဗွဲPDF

#စစ်ကြောင်းထိုး

#ရှမ်းပြည်နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required