စစ်ကောင်စီနှင့်စေ့စပ်ညှိနှိုင်းရေး အတွေးအခေါ်များ ခြွင်းချက်မရှိငြင်းပယ်ရန် ကျောင်းသားသမ္ဂအဖွဲ့ ၁၇၆ ဖွဲ့ တိုက်တွန်း

စစ်ကောင်စီနှင့်စေ့စပ်ညှိနှိုင်းရေး အတွေးအခေါ်များ ခြွင်းချက်မရှိငြင်းပယ်ရန် ကျောင်းသားသမ္ဂအဖွဲ့ ၁၇၆ ဖွဲ့ တိုက်တွန်း

ဇူလိုင် ၂၆

အကြမ်းဖက်စစ်ကောင်စီနှင့်စေ့စပ်ညှိနှိုင်းရေး အတွေးအခေါ်များ ခြွင်းချက်မရှိငြင်းပယ်ကြဖို့ အလေး အနက်တိုက်တွန်းကြောင်း ကျောင်းသားများသမဂ္ဂ ၁၇၆ ဖွဲ့က သဘောထား ကြေညာလိုက်သည်။

“ကျောင်းသားပြည်သူ့တစ်ရပ်လုံးအနေဖြင့် စစ်အုပ်စုအပေါ် ခြွင်းချက်မရှိ ရန်၊ ငါ ပြတ်စွာဖြင့် ဆက်လက် တိုက်ပွဲဝင်သွားကြရန်နှင့် စေ့စပ်ညှိနှိုင်းရေး အတွေးအခေါ်များ ခြွင်းချက်မရှိငြင်းပယ်ဖို့ အလေးအနက် တိုက်တွန်းအပ်တယ်” ဟု ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ (SURC) က ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုး အောင်နှင့် ဦးအောင်သူရဇော်တို့ လေးဦးကို ဖက်ဆစ်စစ်ကောင်စီမှ မတရားကြိုးပေးစီရင်သည့်အပေါ် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ(SURC)က ၎င်းတို့၏ သဘောထားကြေညာချက်ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီ၏ မတရားဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် အာဇာနည်များစွာနှင့် မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် အာဇာနည်ရဲဘော်အပေါင်းကို ကျောင်းသားသမဂ္ဂများမှ အလေးနီပြုကြောင်း  ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရက်ယန္တရားများ(စစ်သုံးစစ်)ဖြင့်တည်ဆောက်ထားသည့် ဖက်ဆစ် စစ်တပ် ကို လူထုအားဖြင့် အပြီးသတ်ချေမှုန်းကာ လူမျိုးပေါင်းစုံ၊ လူတန်းစားအလွှာပေါင်းစုံ လွတ်မြောက် ရေးသို့ ဦးတည်မည်ဟု ကတိပြုကြောင်းကိုလည်း ဆိုသည်။ 

ယခုထုတ်ပြန်ကြေညာချက်ကို ရန်ကုန်အခြေစိုက် ကျောင်းသားများသမဂ္ဂ ၂၃ ဖွဲ့၊ မန္တလေးအခြေစိုက်  ၂၂ ဖွဲ့၊ ဧရာဝတီအခြေစိုက် ၁၄ ဖွဲ့ ၊ ပဲခူးအခြေစိုက် ၁၄ ဖွဲ့၊ စစ်ကိုင်းအခြေစိုက်  ၁၇ ဖွဲ့ ၊ မကွေးအခြေစိုက် သုံး ဖွဲ့၊ တနသာရီအခြေစိုက် ကိုးဖွဲ့ ၊ ကချင်အခြေစိုက်  ၁၃ ဖွဲ့၊ ကရင်နီအခြေစိုက် ငါးဖွဲ့၊ ကရင်အခြေစိုက် ခြောက်ဖွဲ့၊ ချင်းအခြေစိုက် ခြောက်ဖွဲ့၊ မွန်အခြေစိုက် ၂၁ ဖွဲ့၊ ရှမ်းအခြေစိုက် ၂၁ ဖွဲ့နှင့် နေပြည်တော် အခြေစိုက် ကျောင်းသားများသမဂ္ဂ ငါးဖွဲ့တို့ကပူးတွဲကြေညာခြင်းဖြစ်သည်။

#Mizzima
#စေ့စပ်ညှိနှိုင်းရေး
#ခြွင်းချက်မရှိငြင်းပယ်
#SURC၏

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required